အခန်း(၇၃)ဟီ ဟီ ရှေးဟောင်းအစီရင်တဲ့

6.6K 870 46
                                    

.အခန်း ၇၃

(စိတ်ပါလို့.နောက်တစ်ပိုင်း.တင်လိုက်ပါ
တယ်😁😁)

'' ညီလေး မင်း ဒီ ပုံကားချပ်တွေ ကို မြင်ဖူး
သလား´´

ကျီ တန်ကမေးတယ်။

ကျူ းယောင်လည်း ခေါင်းခါတယ်။ ပုံကားချပ်
တွေက နေရာတကာ ရှိနေတယ်။ သူ သိ
တယ်ဆို ရင်ကို စောက်ဆန်း ကြီးပဲ။


'' ဒီမှာ တစ်နေရာ လွတ်နေသလိုပဲ´´

ရှောင်ရီက ပုံကိုးခု ရဲ့ ညာဘက်ခြမ်းကို လျှောက်
သွားတယ်။သူပြောသလို ပဲ တစ်ယောက်ယောက်
က တမင်တူးဆွထားသလို နေရာတစ်ခု လပ်နေ
တယ်။ ရှောင်ရီလည်း လက်ဆနိ့ပြီး ထိုနေရာကို
ထိလိုက်ရော ထို ကွက်လပ်က ငွေရောင် အလင်းတန်း ဖြာထွက်လာတယ်။

'' ဒီ နေရာက လင်းတယ်ဟ...´´

သုံးယောက်လုံးလည်း ကြောင်သွားတယ်။

ကျူ းယောင်လည်း လွတ်နေတဲ့ ထို လေးထောင့်
ကွက်လပ်ကိုကြည့်တယ်။ပြီးတော့ တစ်ဖက်က
ကိုးချပ်သော ကားချပ်တွေကို လည်ပြန် ကြည့်
မိတယ်။ စပ်ဆက် မမိတဲ့ နှစ်ခု က ရုတ်
တရက် ကွင်းဆက်ရသွားသလို ပဲ။ သူ့ ခေါင်း
ထဲ ဉာဏ်ပွင့်သွားတယ်။

လခွမ်း...ဒါ တစ်ကယ်ကြီး ပုံကားချပ် ပဟေဠိ ဟ!ပုံတွေ က ရှုပ် ယှက်ခတ်ပြီး ပြန့်နေတာလို့ သူထင် နေတာ မဆန်းပါဘူး။

'' ဘေး ဖယ်...´´

ကျူ းယောင်လည်း ကွက်လပ် နေရာက ရှောင်
ရီကို ဘေးတွန်းတယ်။

'' ဒီဟာက...ဂိ....အဲလေ....ယန္တရား
စက် တစ်ခု ဖြစ်နိုင်တယ်..´´

ကျူ းယောင်လည်း ဂိမ်းဆက်တာလို့ ပြောမိ
တော့မလို့။ သူလည်း ထိုင်ချရင်း ကွက်လပ်
ဘေးက ကားချပ်ကို ကွက်လပ်နေရာဆီသို့
ဆွဲ ရွေ့တယ်။ အားအများကြီးသုံးစရာမလို ဘဲ
ကို ထိုကွက်လပ်နေရာကို ရွေ့လိုသော.ကားချပ်
က အလိုလျောက် ရွေ့သွားတယ်။ ကားချပ်
လပ်သွားတဲ့နေရာက ငွေရောင် လင်း လာပြန်
တယ်။

ကျန် ကားချပ် ကိုးခုကို ကြည့်ရင်း ဒီ ကားချပ်
ပဟေဠိ ကို ဖြေရှင်းဖို့ ကျူ းယောင်လည်း အာရုံ
စိုက်နေမိတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora