အခန်း(၁၉)သူငယ်ချင်းကောင်းလး

7.8K 1K 138
                                    

၁၉

''အဟွတ် အဟွတ်''
ချောင်း နည်းနည်းဆိုးပြလိုက်တော့ အားလုံးရဲ့ စိတ်ဝင်စားမှုက သူ့ဆီပြန်ရောက်လာတယ်။အဲ့ကျမှ
ဂိုဏ်းချုပ်လည်း အလေးနက်စပြီး သူရဲ့ အမိန့်ကို ထုတ်ပြန်တယ်။

''ရှောင်ရီ မင်းဟာ တစ်ဂိုဏ်းတည်းသား အကိုကို ဒဏ်ရာရစေတယ် ဒါကြောင့်မလို့ မင်းရဲ့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးပစ်မယ် ပြီး အတွင်းဆောင်ကနေ ထုတ်ပယ်ပြီး အပြင်ဆောင်ကနေ ကျင့်ကြံခြင်းကို အစကနေ ပြန်စရမယ် ဒီတစ်ခါ ပိုပြီး သေသေချာချာနဲ့ ဝိရိယအပြည့်နဲ့ ကျင့်မယ်လို့ ငါမျှော်လင့်တယ်''

ပြောပြီးတော့ လက်တစ်ချက်ဝေ့ယမ်းလိုက်တယ်။အဖြူရောင်အလင်းတစ်ခုက ရှောင်ရီနဖူးပေါ်ကျသွားတယ်။မတ်မတ်ထိုင်နေဖို့ ြကိုးစားတဲ့ ရှောင်ရီလည်း ကြမ်းပေါ်ပြန်လဲကျသွားတယ်။ကြည့်ရတာ သူ့ရဲ့ ကျင့်ကြံခြင်းတွေ အကုန်ဆုံးရှုံးသွားလို့ ဖြစ်မယ်။

''ယွမ်ရဲှ့ မင်း သားကို မင်း
သင်ကြားပေးတာ မကောင်းလို့ ဖြစ်ရတာ.. မင့် သားတွန်းချလိုက်လို့ ရေထဲပြုတ်ကျပြီးနေမကောင်းတဲ့ကလေးမလေးလင်းလောင်ကို
မင်း တာဝန်ယူ ဂရုစိုက်ပေးရမယ်
ဒါ မင်း အတွက် ပြစ်ဒဏ်ပဲ
ကောင်မလေး တစ်ခုခုဖြစ်သွားရင် မင်း တာဝန်ယူရမယ်''

''ဒီ တပည့် နာခံပါတယ်''

'' ဖက်တီး ကျူးး အတွက်ကတော့ သူနေ ပြန်ကောင်းလာတာနဲ့ အမိန့်ထုတ်ပြန်မယ်''

ဇီမိုက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ရင်း တပည့်နှစ်ယောက် ကို ခေါ်လိုက်တယ်။

''ဒီကိစ္စ ဒီမှာပဲ ပြီးပြီ အားလုံး ကိုယ့်အလုပ်ကို ပြန်လုပ်ကြပါ ရှောင်ရီကို
အပြင်ဆောင်ကို ခေါ်သွားကြ''

တပည့် နှစ်ယောက် က နာခံပြီး ရှောင်ရီကို ဆွဲခေါ်သွားကြတယ်။သူတို့ အပေါက်နားရောက်လို့ ကျူးယောင်ဘေးနားက ဖြတ်သွားတော့ ရှောင်ရီက မော့ပြီး သူမကို အေးစက်စွာ စိုက်ကြည့်နေတယ်။

သူမ နှလုံးသား ချက်ချင်းအေးခဲသွား သလိုတောင်ခံစားရတယ်။ဒီကောင်လေး သူမကို အငြိုးထား မုန်နေတာ မဟုတ်ပါဘူးနော်!!သေစမ်း စောင်ကလေး စောစော သူ့ဘက်က သက်သာအောင် ကူပြောပေးတာ သူမဆိုတာ ကိုတော့ စောင်ကလေး ရှင်းရှင်းလင်းလင်း သိသင့်တယ်!

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Nơi câu chuyện tồn tại. Hãy khám phá bây giờ