36
ကျူ းယောင်လည်း
ကျောက်စိမ်းသစ်တောတောင်
ဆီကို တစ်ခေါက်ပြန်ရောက်လာခဲ့တယ်
။ဒီ နေရာ
ဒ်ီအခန်း ဒီဆရာ။ ကျူ းယောင်ကတော့ ငိုချင်လာတယ်။စောစောက သူမကို ဖမ်းလာတာကို မြင်ယောင်လာရော သူမ ဆရာ မျက်နှာပေါ် ထပ်တက်နင်း လိုက်တယ်။'' မလိမ်မိုးမလိမ္မာ''
သူမဆရာလည်း ခြေထောက်ကို ဆွဲဖယ်ရင်း
ကလေးပေါက်စကို အိပ်ရာပေါ်တင်ထားလိုက်တယ်။ခဏနေ ကလေးက ဘေးဘက်ထောက်သွားရင်း အိပ်ရာအောက်ကို ကျ ခါနီး ဖြစ်လို့ ကလေးကို ပြန်ချီပြီး ခုတင်ပေါ် ပြန်တင်ထားလိုက်ရတယ်။
ခဏနေထပ်ပြီး ဖြစ်ပြန်တယ်။ပြန်ကောက်ချီလိုက်
ပြန်တင်လိုက်က ခဏခဏ လုပ်နေရတယ်။ယုယန်လည်း သူ့ရှေ့က ခပ်ဆိုးဆိုး မုန့်လုံးလေးကို
ကြည့်ရင်း ဘာလုပ်ရမယ်မှန်းမသိဘူး။သူ အရင် တုန်းက ကလေး မထိန်းဖူးဘူး။ စကား မပြောတတ်တဲ့ ကလေးတွေ တော့ ပြောမ နေနဲ့။သူ့မှာတပည့်တောင် တစ်ယောက်ပဲ လိုက်ခံခဲ့ဖူးတာ။အဲ့တစ်ယောက်ကလည်း သေ သွားပြီ။
ဒါကို ပြန်စဉ်းစားမိတော့ ယုယန် နည်းနည်းဝမ်း
နည်းရတယ်။နှစ်တစ်သောင်းကြာပြီးတဲ့နောက်မှာ သူ့ခမျာ တပည့်တစ်ယောက်ရခဲ့တယ်။သူမကို ဒီလောက် သေချာ ဂရုစိုက်သင်ကြားပေမဲ့လို့
သူတပည့်က ပထမဆုံး ကွင်းဆင်းလေ့ကျင့်ရေး သွားတော့ မြေခွေးမိစ္ဆာတစ်ကောင် လက်ချက် မိသွားတယ်။သူတပည့် ဒဏ်ရာ ရတဲ့အချိန်မှာ သူ့ဆီမှာ အလန်းထမြည်ပြီး သူတပည့်ဆီကို အမြန်ဆုံး ပြေးလာခဲ့တယ်။သူရဲ့အဆင့်နဲ့ဆို သူတပည့်ရဲ့ ဝိညဉ်က အနီးနားဝန်းကျင်ကနေ မထွက်မသွားမချင်း နောက်ထပ်လူပြန်ဝင်စားတာမဟုတ်မချင်း သူကယ်တင်လို့ရသေးတယ်။သို့ပေမဲ့ ထူးဆန်းတာက သူဘယ်လောက်ပဲ ဂါထာသုံးပါစေ သူတပည့်က လုံးဝ
ပြန်မနိုးလာတော့တာပဲ။ပြီးတော့ သူ့တပည့် နဖူးပေါ်မှာ သူထားခဲ့တဲ့ ဆက်ခံသူ အမှတ်အသားက ပျောက်မသွားဘူး။ဒါက မဖြစ်နိုင်တာကြီး။လူတစ်ယောက်သေတာဆိုတာ မီးတိုင်လေး ငြိမ်းသွား သလိုပဲ ဝိညဉ်ခေါ်တဲ့ ဂါထာမှ မဟုတ်ရင် တခြား
ဘယ်ဂါထာမှ သေတဲ့ လူတစ်ယောက်မှာ ဒီလို
ကျန်အောင် မလုပ်နိုင်ဘူး။

YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...