အခန်း(၈၉)အတင်းအဓမ္မ

7.7K 1K 162
                                    

ရေကန်ထဲကနေ တက်လာပြီးတဲ့နောက်တော့ ကန်ဘေးနားမှာ ပျံဝဲနေတဲ့ အပြာရောင် အလင်းပြောက်လေးတွေကို မြင်လိုက်တယ်။ ကျူ းယောင်လည်း စိတ်ရှုပ်ရှုပ်နဲ့ အမြီးရမ်းကာ ခါထုတ်လိုက်တယ် ။

သို့ပေမဲ့ ထိုအပြာရောင် အလင်းပြောက်လေးတွေဟာ ပျောက်မသွားဘဲ သူမကိုယ်ထဲ ဝင်သွားကြတယ်။ ထို့အပြင် အနီးနားပတ်ဝန်းကျင်က တစ်ခြားအရောင်စုံ အလင်းပြောက်လေးတွေပါ သူမကိုယ်ထဲ ပြေးဝင်လာပြီး ချီလွင်ပြင်ထဲမှာ ဝင်ရောက်သွားကြတယ် ။

ကျူးယောင်လည်း မျက်လုံးပြူးသွားတယ် ။

"ဆရာ"

ဆရာရေ . . . လုပ်ပါဦး ။ ဒီမှာ လိပ်ပြာတွေ အားကြီးပဲ !

"မင်း''

အနောက်ကနေ ကပ်လိုက်လာတဲ့ ယုယန်လည်း ဒီမြင်ကွင်းကို တွေ့လိုက်တယ်။ အမြီးမြှောက်နေတဲ့ သူ့တပည့်ကို အထိတ်တလန့်ကြည့်တယ် ။

"မင်း ထွားလာတယ်"

"မဖြစ်နိူင်တာ"

ကျူ းယောင်လည်း လန့်သွားတယ်။ အကျင့်ပါနေကျမို့လို့ သူမခါးကို ငုံ့ကြည့်မိတယ်။ သို့ပေမဲ့ သူမရဲ့ နဂါးဦးခေါင်းကိုလှည့်ပြီး ကြည့်မိတော့ သေးရှည်မျောမျော ကိုယ်လုံးဆိုတော့ သူမလည်း အတော့်ကို စဉ်းစားယူလိုက်ရတယ်။ ငါ့ခါးဆိုတာက ဘယ်အပိုင်းဖြစ်မလဲ ။

ယုယန်လည်း သက်ပြင်းချတယ်။ သူမကို ကောက်ယူသွားပြီး ရေအနီးနားကို ခေါ်လာတယ် ။

ကျူ းယောင်လည်း ဘာမှန်းနားမလည်ဘဲ ရေထဲက ပုံရိပ်ကိုကြည့်လိုက်တယ်။ သူမ ဘာမှ မပြောင်းပါဘူးဟ ။ ရွှေရောင်သမ်းနေတဲ့ အရင်က မြင်ဖူးတဲ့ ပုံစံပါပဲ။ နေပါဦး ။သူမ နည်းနည်းကြီးလာတယ်လို့ ဘာလို့ ခံစားနေရပါလိမ့် ။

"ဆရာ . . ဆရာ . . . ဆရာ"

ကျူးယောင်လည်း ပျော်လွန်းလို့ ခဏလောက် ဘာပြောရမယ်မှန်း မသိတော့ဘူး ။

"တပည့် ချီလွင်ပြင်ထဲမှာ ချီတွေရှိနေပြီ"

ထိုအခါမှ ယုယန်လည်း သူမကို မြေပြင်ပေါ် ပြန်ချပေးရင်း မျက်မှောင်ကြုံ့လာတယ် ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora