အခန်း(၁၀၂)ပူး​တွဲလေ့ကျင့်ကျင့်ကြံဆင့်

6K 1K 90
                                    

'' ဝူဆောင်း...ဒီကို လာဦး''

ကျူ းယောင် လာဖို့ လက်ဝေ့ယမ်းအချက်ပြတော့
ဝူဆောင်းကလည်း ရိုရိုကျိုးကျိုးနဲ့ အနီးနားကို
ရောက်လာတယ်။

ဆင်မြန်းနေကျ ဖြစ်တဲ့ အေးစက်ရေခဲမျက်နှာ
ကို လုပ်ရင်း အလေးနက်ပြောတယ်။

''ဒီနေ့ကစပြီး မငိးတို့အားလုံးက ပျံသန်းမိုးပြာ
ဂိုဏ်းရဲ့ ပထမဆုံး မျိုးဆကိဖြစ်သွားပြီ
မင်းတို့အားလုံးရဲ့ အစ်ကိုကြီးကတော့ ဝူဆောင်းပဲ''

အားလုံးရဲ့ မျကိနှာပေါ်မှာ ပျော်ရွှင်မှုက အထင်း
သား။ ဒီလိုဆိုတော့ အကောင်းဆုံးပဲပေါ့ဆိုတဲ့
မျကိနှာပေးလေးတွေနဲ့ အားလုံးက တညီတညိး
အသံထွကိလာတယ်။

'' အစ်ကိုကြီး ဝူဆောင်း!..''

'' နတ်ဝိဇ္ဇာ သခင်''

ဝူဆောင်းက တွန့်ဆုတ်ဆုတိနဲ့ ကျူ းယောင်ကို
ကြည့်တယ်။

ကျူ းယောင်က.ဆက်ပြောတယ်။

'' ငါ.သူတို့အားလုံးကို ဂရုစိုက်ပေးဖို့ အချိန်မရှိလောက်ဘူး... ဒီဂိုဏ်းကို ဝူဆောင်း...
မင်း လက်ထဲပဲ အပ်ခဲ့ရမှာပဲ...နောက်ကျရင်
မင်း ...အစ်ကိုကြီးအနေနဲ့ အားလုံးကို ကာကွယ်
စောင့်ရှောက်ဖို့ ငါ မျှောိလင့်တယ်''

ဝူဆောင်းက လကိသီးလေးတွေ ကျစ်ကျစ်ပါအောင်
ဆုပ်ရင်း ခေါင်းတွင်တွင်ငြိမ့်ကာ သူမကို ပြန်ဖြေ
တယ်။

'' ပြောတဲ့အတိုင်း ဖြစိစေရပါ့မယ် ဂိုဏ်းချုပ်''

'' အင်း''

ကျူ းယောင်လည်း ကျေနပ်စွာ ခေါင်းညိတ်မိတယ်။
ကြည့်ရတာ ဝူဆောင်းမှာ တာဝန်ယူချင်စိတ်
စတင် အမြစ်တွယ်နေပြီ။ ကောင်းတဲ့ လက္ခဏာ
ရပ်လို့ ဆိုရမယ်။

တခြား မုန်လာဥလေးတွေကို ထွက်သွားစေပြိး
နောက် ဝူဆောင်းကိုပဲ နေစေခဲ့တယ်။ ပြီးတော့
စောစောက ဓားသိုလှောင်ခန်းမှာရှာတွေ့ခဲ့တဲ့
စမ်းသပ်ဖန်လုံးပေါ်ကို လက်တင်စေ
လိုက်တယ်။

ရွှေရောင် ၊ အဝါရောင်၊ အနီရောင် သုံးခုဟာ
ရောယှက်ပြီး ပေါ်လာတယ်။ သူမ ရှေ့ဖြစ်
အိပ်မက်ထဲမှာ မြင်သလိုပဲ ကောင်လေးက
သတ္ထု ၊မြေ၊ မီး ပါတဲ့ ဝိဉာဉ်ကြော သုံးမျိူ းပိုင်ရှင်
ုဖြစ်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now