အခန်း(၁၃၀ )မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်

2.3K 447 32
                                    

အခန်း၁၃၀
မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်

‌.ဤအပိုင်းကိုtyping ကူရိုက်ပေးပါသော
Aye(Mommy nount) ကို ကျေးဇူးတင်ပါသည်။

.....

အမှန်ပဲ ။ကျူးယောင်လည်း
ကြယ်တာယာစစ်ပွဲများ(star wars)
ဖန်တစ်ယောက်ဖြစ်တာမို့ ခုလို လင်းရောင်ခြည်ဓားတစ်လက်ကို ဖန်တီးလိုက်နိုင်တယ်။ ဒီလင်းရောင်ခြည်ဓားဟာ သက်ဝင်လှုပ်ရှားစေခြင်းဂါထာတွေနဲ့ မီး၊ ရေ၊ လေ၊ မြေကြီး၊ သစ်သား စသောဓာတ်ငါးပါးကို အချိုးညီညီမျှမျှထည့်သွင်းပေါင်းစပ်ထားတဲ့ အဆင့်မြင့် လင်းရောင်ခြည်ဓား ဗားရှင်း ဖြစ်တယ်။ အစတုန်းက မုမေ့ယန်နဲ့ အရိပ်မည်းကို ဘယ်လိုခွဲထုတ်ရမယ် သူ  တစ်ချိန်လုံး စဉ်းစားနေခဲ့တာ။ နောက်ဆုံးတော့ ခေတ်သစ် လေဆာစွမ်းအင်သုံးနည်းပညာကို သတိရသွားတယ်။ ဟုတ်တယ်လေ ဘယ်လိုဓားကများ လေဆာသုံးလင်းရောင်ခြည်ဓားထက် ပိုပြီးတော့ကောင်းနိုင်မှာလဲ။

ဒါပေမယ့် သူကြက်ကန်းဆန်အိုး တိုးသွားတယ်လို့ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ အရိပ်မည်းက ရိုးရိုးမဟုတ်ဘဲ အမှောင်စွမ်းအင် ယင်ကနေမွေးဖွားလာတဲ့မိစ္ဆာ ဖြစ်နေတာကြောင့်ပဲ။ မိစ္ဆာတွေ ကြောက်ရွံ့စေသည့် တစ်ခုတည်းသောလက်နက်က အလင်းရောင်ပဲဖြစ်တယ်။ အခုလိုလေဆာနည်းပညာသုံးထားတဲ့ လင်းရောင်ခြည်သုံးဓားဆိုရင်တော့ သာတောင်
ကောင်းသေးတာပေါ့။

ကျူးယောင်လည်း လေဆာသုံးနည်းပညာအကြောင်းကို သူ့ဆရာကိုရှင်းပြဖို့ ကြိုးစားပေမယ့် သူ့ဆရာလို အားအားရှိတောင်ထ‌ဲ
အောင်းနေသော   နှစ်တစ်သောင်း သစ်ဆွေးတုံး လူတစ်ယောက်အဖို့  နည်းပညာ မျိုးဆက်ခြင်း
ကွာဟမှုက ပြောပြန်ိုင်တာထက် များတယ်လေ။ ဒါကြောင့် သူပြောတာကို ယုယန်ခမျာ နားမလည်နိုင်ဘူး။ သူရှင်းပြလေလေ သူရှင်းပြတဲ့ပုံစံ ထူးထူးဆန်းဆန်းတွေဖြစ်လို့ လမ်း လွဲ လေလေပဲဖြစ်နေတယ်။

နောက်ဆုံး ယုလော်က သူ့ဆီကို ရောက်လာတဲ့ ထိ။

"ဆရာ ...ဆရာနဲ့ တစ်ယောက်ယောက် ကတွေ့ချင်လို့ပါတဲ့"

မုန်လာဥလေးရဲ့အသံက နည်းနည်းထူးဆန်းတယ်။ ပြီးတော့ နည်းနည်းလည်း တုံ့ဆိုင်းနေတဲ့ပုံစံပေါက်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora