၁၄
''ဆရာဦးလေး ပြောတာက စိတ်တန်ခိုး ပညာရပ် တစ်ခုပဲလား´´''အစားသောက်ပဲ´´
''အစားအစာ!အရမ်း အဖိုးတန်တဲ့ မြင့်မြတ်တဲ့ ပစ္စည်းများလား´´
''မဟုတ်ဘူး´´
ယုယန်လည်း မျက်မှောင်ကြုတ်သွားတယ်။
တစ်ကယ်တော့ သူလည်း မကြားဖူးဘူးလေ။
''သွေးထွက်တာ များတဲ့ လူတွေကို တိုက်ရတဲ့
အရည် တမျိုးပဲ´´ဂိုဏ်းချုပ်ဇီမို လည်း နှုတ်ခမ်းတွန့်သွားပြီး
''ဆရာဥိးီလေး ပြောတာက ရေနွေးထဲကို သကြားညို ထည့်ကြိုတာ ပြောတာလား မသိဘူး´´ယုယန် က ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်။
ကြည့်ရတာ ရေနွေးကြိုပြီးရင် သကြားညို ထည့်လိုက်ရုံပဲကို!
''မင်းမှာ သကြားညို ရှိလား´´မရှိပါဘူး´´
ဂိုဏ်းချုပ်ဇီမို လည်း ချောင်းအနည်းငယ် ဟန်ပြုဆိုးပြီးမှ အသိဝင်လာတယ်။ဘာကိစ္စ ဒီဟာလေးအတွက် ညနက်ကြီးမှ သူ့ဆရာဦးလေးက လာရှာနေတာလဲ မသိဘူး!''ဒါပေမဲ့ ဆရာဦးလေး အမြန်လိုနေတယ်ဆို
ရင်တော့ ကျတော် အမိန့်ထုတ်ပြီး နောက်နေ့ကျတော့ လာပို့ ခိုင်းလိုက်ပါ့မယ်´´''အင်း..´´
ယုယန်က အေးစက်စက်နဲ့ဲပဲ သူပြောတာကို
ခေါင်းညိတ်သဘောတူတယ်။ပြီးတော့ လှည့်ထွက်သွားဖို့ ခြေလှမ်းအနည်းငယ်လှမ်းတယ်။ခဏရပ်သွားပြီး ပြန်လှည့်လာတယ်။အလေးနက်လေသံနဲ့မေးတယ်။''ပြောကြည့်ဦး အမျိုးသမီးတစ်ယောက်ရဲ့
အန်တီလာတဲ့ ကာလမှာ သကြားညိုရည် သောက်ရတာ အပြင် တခြား ဂရုစိုက်စရာ ရှိသေးလား´´''အာ...´´
ဂိုဏ်းချုပ်ကြီး ဇီမို လည်း ခြေထောက်တွေ ပျော့ခွေပြီး မြေပေါ်လဲကျတော့မလို ဖြစ်သွားတယ်။အမျိုးသမီး တစ်ယောက်ရဲ့ အန်တီကာလ။
သူနားကြား လွဲတာတော့ မဟုတ်ပါဘူးနော်!!''ဦး..ဦးလေး...ဆရာသခင်..ဘာ...ဘာလို့ မေးတာ လဲ မသိဘူး....´´
''မင်း မသိ ဘူး ပေါ့´´
ယုယန်မျက်လုံးလေးတွေ ကျဉ်းသွားပြီး ဖီမိုကို
စိုက်ကြည့်နေတယ်။သူ့ပုံစံက ပိုတောင် အေးစက်လာသေးတယ်။တပည့်တွေ ဒီလောက်များတာ မသိရကောင်းလားဆိုတဲ့ အပြစ်တင်ကြည့်နဲ့ ကြည့်နေတာ။ဂိုဏ်းချုပ်ခမျာ ချွေးစေးတွေတောင် ပြန်လာတယ်။မတတ်နိုင်ဘဲ ဆက်ပြောရတယ်။

YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...