အခန်း(၁၁၅)လွတ်မြောက်ရာ လမ်းစ

3K 607 48
                                    

သိူ့ပေမဲ့ သည်တစ်ကောင် ရောက်လာတာက
အဆုံးသတ်မဟုတ်သေးဘူး။
ဒုတိယတစိကောင် ပြီး တတိယတစ်ကောင်
ပြီးတော့ စတုတ္ထ ၊ပဉ္ဓမ တစ်ကောင်ပြီး
တစ်ကောင်လာလိုက်တာ ။ အကုန်လူံးက
အရိပ်မည်းကို အမဲဖျက်သလို ဝိုင်းဆော်
ကြတယ်။အချင်းချင်းလည်း ပြန်တီးကြပြန်တယ်။

ရုတ်တရက် မြို့တစ်ခုလုံး ရန်သူဝင်စီးခံရသလိူပဲလို့ ကျူးယောင်တွေးမိတယ်။
ပေ ါ် လာသမျှ ဘယ်မှော်သတ္တဝါကောင်ကိုမှ
သူ မမြင်ဖူးဘူးဆိုတာ ကျိန်းသေတယ်။
မမြင်ဖူးသလို အကုန်လုံးက ကျင့်ကြံဆင့်
ဘယ်လောက်ရှိသလဲဆိုတာ မမြင်ရဘူး။
ကျင့်ကြံဆင့် ရှိတဲ့ အရှိန်ဝါလည်း သူတ်ို့ဆီက
မရဘူး။အရှိန်ဝါ မရှိသော်လည်း တစ်ကောင်
ချင်းစီတိုင်းဟာ ကြောက်မက်ဖွယ် ကောင်း
လောက်အောင် ခွန်အားကြီးလှတယ်။

သည်ထဲက တစ်ကောင်လောက်များသာ
လက်ရှိ ကျင့်ကြံခြင်းလောကထဲရောက်
သွားလို့ကတော့ သေချာတယ်။တစ်ချက်တည်းနဲ့ မည်သည့် နတ်ဝိဇ္ဇာကိုမဆို
သတ်ပစ်နိုင်တယ်။

အရိပ်မည်းလို စွမ်းပကားကြီးတဲ့ဖြစ်တည်မှုတောင် သည်ထူးဆန်းတဲ့မှော်သတ္တဝါအုပ်
ကို အနိုင်မတိုက်နိုင်တဲ့အပြင် ရှောင်ရတိမ်း
တာတောင် ခက်ခဲနေပုံရတယ်။ အရိပ်မည်းလည်း
အကြိမ်ကြိမ်တိုက်ခိုက်ခံရလို့ မှိန်ဖျော့လာ
တဲ့ထိပဲ။ သို့ပေမဲ့ ထူးဆန်းတဲ့ မှော်သတ္တဝါ
တွေ ပိုပိုစုလာတုန်းပဲ။

အစတုန်းကတော့ ကျူးယောင်လည်း
မသေအောင် ဟိုပြေးသည်ပုန်းနဲ့
တိုက်ပွဲစက်ကွင်းကနေ လွတ်မယ်ကြံသေး
အသစ်ထပ်ထပ် ဝင်လာတဲ့ နောက်တစ်ကောင်နဲ့ ပက်ပင်းတိုးပါလေရော။

ထို မှော်သတ္တဝါ အသစ် ကိုယ်ခန္ဓာက တောင်
ပူစာတစ်လုံးလောက်ရှိတယ်။မျက်လူဲးတွေက
နီရဲနေပြီး ကျောက်တောင်ကျောက်သားတွေ
တစ်ကိုယ်လူံး ဖူံလွှမ်းနေလို့ ကျောက်သတ္တဝါ
ကျောက်တောင်ကြီး ရွေ့လာသလားပဲ။
ကျူးယောင် စိတ်ထဲ မကောင်းတဲ့အရိပ်ငွေ့
တွေတော့ ရနေပြီ။


သည်သတ္တဝါတွေကို အနိုင်တိုက်ဖို့ မဆို
ထားနဲ့ သည်အကောင်ကြီးတွေကြား
နင်းပြားလေး မဖြစ်သွားရင်တောင် ကံကောင်း။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Où les histoires vivent. Découvrez maintenant