၅၅
သယ်ရလွယ် သေသပ်ကျစ်လစ်တယ်
ကျူ းယောင် ချက်ချင်းပဲ ငိုချင်လာတယ်။သိုပေမဲ့
သူ့ ခြေထောက်ကို မရပ်နိုင်ဘူး။ရပ်လိုက်တာနဲ့
သေမှာပဲ။ အသေကြေအားထုတ်ပြီးမှ ဟိုအကောင်ကြီးကို သတ်ထားလိုက်နိုင်တာ။သစ်သား.ဝိညာဉ်မရသေးခင် သူမ လုံးဝ မသေနိုင်ဘူး။သို့ငြားလည်း သူမရဲ့ ကိုယ်ခန္ဓာကြီးကတော့ စိတ်နဲ့ ပြောင်းပြန်ဖြစ်နေပြီ။ဓားပျံရဲ့ သွားနှုန်းကလည်း နှေးလာတယ်။ဘာ ချီ မှ ထပ်မထုတ်နိုင်တော့တာမလို့ ကောင်းကင်ထက်ကနေပြုတ်ကျလာပြီး မြေကြီးပေါ်ပြုတ်ကျသွားတယ်။သူ့မှာ လေးဘက် ထောက်ဖို့ အားတောင် မရှိတော့။အသိစိတ်တွေတောင် ခပ်ဝါးဝါး။
အကောင်ကြီးက သွေးပေနေတဲ့ ပါးစပ်ကို အကျယ်ဆုံးဟကာ တောထဲကနေ သူမဆီ ပြေးလာတယ်။ရုတ်တရက်ဆိုသလို သူရဲ့ လည်ပင်းက ကျောက်စိမ်းကနေ မျက်စိကျိန်းလောက်တဲ့ အဖြူ ရောင် အလင်းတန်းတွေ ထွက်လာတယ်။အကောင်ကြီးက သူ့ကို မြိုခါနီးမှာပဲ အဖြူ ရောင် ပုံရိပ်တစ်ခုက သူ့ရှေ့မှာ ပိတ်ရပ်နေတာကို တွေ့ရတယ်။လက်တစ်ချက်သာ မြှောက်ပြီး အကောင်ကြီးကို ထိုပုံရိပ်က
ဆုပ်ကိုင်လိုက်တယ်။မိုးကြိုးထစ်ချန်းသံတွေက
နေရာအနှံ့မှာ ပြန့်နှံ့သွားပြီး သူ့လက်ကို ခါရမ်းလိုက်တယ်။ အကောင်ကြီးက အဝေးကို ပြုတ်ကျသွားပြီး လုံးဝ မလှုပ်တော့ဘူး။ကျူ းယောင်လည်း ရှေ့ကလူကို မြင်ချင်လို့ အားယူပြီး ကြည့်ပေမဲ့ မျက်လုံးတွေက ပိုလေးလံလာတယ်။သူမ အမှောင်ထုထဲ ပြုတ်မကျ ခင် ထိုလူက သက်ပြင်းတွေ ချနေတာကိုပဲ ကြားရတော့တယ်။
မေ့လဲနေတဲ့ တပည့်ကျော်ကို.ကြည့်ရင်း ယုယန်ရဲ့ ကြုတ်နေသော မျက်မှောင်ကြီးက ပိုပို ကြုတ်လာတယ်။ တစ်ကိုယ်လုံး သွေးစိုနေတဲ့ သူ့ခပ်တုံးတုံးတပည့်ကို ပွေ့ချီရင်း ထပ်သက်ပြင်းချမိပြန်တယ်။လက်ဆန့်ထုတ်ကာ သူမ သွေးခုန်နှုန်းကို စမ်းတယ်။ပြီးတော့ အတွင်း အင်္ဂါတွေကို စစ်ဆေးကြည့်တယ်။သူရဲ့ ကြုတ်နေတဲ့ မျက်မှောင်က နည်းနည်းတောင် မလျော့သွားဘူး။သူမရဲ့ သွေးကြောတွေအကုန်လုံး စုတ်ပြဲနေပြီး ချီ လည်း တစိတောင် မရှိတော့သလို
အမြူ တေလုံးကလည်း ကွဲခါနီးဆဲဆဲ။
ESTÁS LEYENDO
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...