၃၃
''ယိုး!!ဘယ်သူများလဲလို့ အချစ်ရည်လွှမ်းနေတဲ့
ဘဲငန်းအတွဲ လေးပါလား´´
မြေခွေးမိစ္ဆာလည်း တစ်ယောက်ပေါ် တစ်ယောက်ထပ်နေတဲ့ လူနှစ်ယောက်ကို ကြည့်ရင်း သူမ နှုတ်ခမ်းက အေးစက်တဲ့အပြုံးတစ်ပွင့် ရှိလာတယ်။မြေပြင်ပေါ်က လူနှစ်ယောက်လည်း အမြန်ထလာ
ကြပြီး အမြန်ပဲ ခွဲလိုက်ကြတယ်။စုဇီလည်း
လန့်သွားပြီး အမြန်ပဲ သူမကိုယ်ကို ဖုံးဖို့ အဝတ်စားတွေ
အသည်းသန်လိုက်ရှာတော့တယ်။ ရှောင်ရီကတော့ တည်ငြိမ်စွာပဲ သူရဲ့ ဓားပျံကို ဆင့်ခေါ်ကာ
အနီရောင်မိန်းမပျိုကို ချိန်ရွယ်လိုက်တယ်။သိုပေမဲ့ မြေခွေးမိစ္ဆာက မထီမဲ့မြင်ပဲ ပြုံးလိုက်ပြီး
လေဓားကို လက်တစ်ချက်ဝေ့ကာ ဆင့်ခေါ်ပြီး
ရှောင်ရီဆီ ပစ်လွှတ်လိုက်တယ်။ရှောင်ရီလည်း
မခုခံနိုင်ဘဲ နောက်ဘက်ကို အတော်ဝေးဝေးဆုတ်သွားရတယ်။မြေခွေးမိစ္ဆာက သူ့ကို မသတ်ချင်ပုံပဲ
ဂါထာတစ်ခု ရွတ်လိုက်ပြီး သူ့ကို ဖမ်းချုပ်ထားလိုက်တယ်။ကောင်းကင်ပေါ်က ဆင်းသက်ရင်း သူမပိုပြီး
တောက်ပစွာ ပြုံးရင်း ရှောင်ရီဆီကို လှမ်းလာတယ်။
သူရဲ့ မေးစေ့ကို လက်နဲ့ ဆုပ်ကိုင်ရင်း''မောင်ငယ်လေး...သူမက မင်းကို စိတ်ကျေနပ်စေရဲ့လား..ဘာလို့ ဒီအစ်မကို ကူညီခွင့်မပေးတာလဲ´´
သူမရဲ့ မျက်လုံးတွေက ပိုးထည်လိုပဲ နူးညံ့နေတယ်။သူမဖို့ ဖိုဓာတ်ရှိတဲ့ ကျင့်ကြံသူတွေက အလွန်ပဲ
အကျိုးရှိတယ်။ဒီနေ့ ဒီလောက် ကံကောင်းမယ်
သူမ မထင်ထားဘူး။''အစ်ကို ရှောင်ရီကို လွှတ်စမ်း´´
စုဇီလည်း ရေခဲဓားတစ်စင်းကို ခေါ်ယူကာ
ပစ်လွှတ်လိုက်တယ်။မြေခွေးမလည်း ဘေးကို ရှောင်လိုက်တော့ ဓားက နောက်ကသစ်ပင်ကို သွားစိုက်တယ်။မြေခွေးမိစ္ဆာလည်း နှာတစ်ချက်ရှုံလိုက်တယ်။
''မင်းကိုယ်မင်း.သိပ်အထင်ကြီးနေတာပဲ´´
သူမလက်တစ်ချက် ဝေ့လိုက်တာနဲ့ စုဇီလည်း
အဝေးကို လွင့်ထွက်သွားတယ်။သွေးတစ်ချက် အန်ထုတ်လိုက်ပြီး သူမ မြေပေါ်ကျကာ ခုခံဖို့ အားမရှိတော့ဘူး။
YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...