ဝူဆောင်းက မလိမ်မညာ ဘဲ အကုန်ပြောပြတယ်။ ယုလော်နာမည်ပါလာတိုင်း သူ့မျက်လုံးက
တလက်လက်မလို့ သူတို့နှစ်ယောက်ကြားအဆင့်တစ်ခုတော့ ရောက်နေပြီဆိုတာ ကျူ းယောင်
သတိထားမိလိုက်တယ်။ကြည့်ရတာ မြင်ပါများတော့ သည်နှစ်ယောက်လည်း အကြင်နာပွားသွားတယ်ထင်တယ်။ သူငယ်ချင်း ခံစားချက်ကို ကျော်လွန်သွားပြီး အဆင့်တက်လှမ်းချိန်မှာ ခုလိုရှက်ရွံ့စရာအခြေနေနဲ့
ကျူ းယောင် လက်ပူးလက်ကြပ်မိသွားလိမ့်မယ်
လို့လည်း သူတို့လည်း မထင်ထားဘူးလေ။'' စိတ်မပူပါနဲ့...ငါက ရှေးရိုးစွဲတဲ့သူ မဟုတ်ပါဘူး''
ပြောရင်းနဲ့ ဝူဆောင်းပုခုံးကို ပုတ်လိုက်တယ်။
တကယ်တော့ အိပ်မက်ထဲမှာတုန်းကလည်း
ဝူဆောင်းက ယုလော်ကို မြင်မြင်ချင်းချစ်ခဲ့တာ
ဖြစ်တယ်။ ထိုစဉ်ကတည်း သူ့နှလုံးသားကို ယုလော်ဖို့ပဲလို့ဆုံးဖြတ်ပြီး ယုလော်အတွက်သေဆို
သေရှငိဆိုရှင်ဖြစ်ခဲ့တယ်။ ဒါကြောင့်ပဲ သူ
မိစ္ဆာ လမ်းစဉ်ကို ရောက်သွားခဲ့ရတာ။ ထိုစဉ်က
ယုလော် ကိုယ်ထဲက ဝိဉာဉ်က မုမေ့ယန်ဖြစ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ ယုလော်ဖြစ်နေတုန်းပဲ
ပဲ။နေကြပါဦး!! ဒါဆို ဝူဆောင်းကြိုက်တာက ယုလော်ကိုယ်ထဲက မု့မေ့ယန်မဟုတ်ဘဲ ယုလော်မျက်နှာသက်သက်ကိုပဲလား။
လခွမ်း!! ထင်တဲ့အတိုင်းပဲ ဒီ လောကကြီးက
တကယ့်ကို မျက်နှာလှဖို့
အရေးကြီးတဲ့ ကမ္ဘာကြီးပဲ။(TN: မျက်နှာတင်မဟုတ်ဘူး လေယာဉ်ကွင်း
မဖြစ်ဖို့လည်းအရေးကြီးသေးသတဲ့🙃)အင်း သူတို့ချင်းကြိုက်သွားတာလည်း ကောင်းပါတယ်လေ။ ယုလော်လို စိတ်ထားကောင်းတဲ့
တပည့်အလိမ္မာလေးနဲ့ဆို ဝူဆောင်း တစ်ယောက် မိစ္ဆာ လမ်းစဉ်ရောက်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။'' ဂိုဏ်း...ဂိူဏ်း...ချုပ်....ကျတော်နဲ့ မမယုလော်နဲ့ တကယ်ကို ခု ဘာမှ မဖြစ်ကြတာပါ..တကယ်ပါ...''
ဝူဆောင်းက လေသံပျော့လေးနဲ့ ချေပတယ်။
ကျူ းယောင်လည်း သူ့ကို လှမ်းကြည့်တယ်။
YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...