အခန်း(၇၂)​ခေါင်းလေးလုံးကပ်ိုသာတယ်

6.2K 878 68
                                    

အခန်း ၇၂
ခေါင်းသုံးလုံးထက် လေးလုံးက ပိုကောင်းတယ်

(စာလုံးပါင်းလွေဲရင်ဆောရီး...ဖတ်စေချငိလို့
ရေးပြီး တန်းတင်လိုက်တာ..)

ရှောင်ရီရဲ့ ဇာတ်ဆောင်အခွင့်အရေးကို ကျူ းယောင် ပထမဆုံး ကျေးဇူးတင်မိတာပဲ..။
စောစောက ဘုရင်မကြီးရဲ့ အမူအရာကို ကြည့်တာနဲ့တင် ရှောင်ရီ့အသက်က စိုးရိမ်စရာမလိုတော့ဘူးဆိုတာသိသာတယ်။
ကံကောင်းရင် သူရဲ့ အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ ကျူ းယောင်တို့ကိုတောင် ကယ်ထုတ်ကောင်းကယ်ထုတ်သွားနိုင်တယ်။

ရှောင်ရီကတော့ လုံးဝထင်တဲ့အတိုင်း နတ်ဝိဇ္ဇာတစ်ယောက်ကိုတောင် ညို့ယူဖမ်းစားနိုင်တယ်ဆိုတော့ ကြည့်ရတာ
ရှောင်ရီက တစ်ဘဝလုံး အီစီကလီ လုပ်တာကိုပဲ ကျင့်ကြံလာတယ်ထင်ပါရဲ့..။

အသုံးမကျတဲ့ ရှောင်ရီ့လို အဖွဲ့ဝင် တစ်ယောက်က အခုလို အသုံးဝင်လာမယ်လို့
ကျူ းယောင်မထင်ထားမိဘူး။
ကမ္ဘာကြီးက အရမ်းအပြောင်းအလဲမြန်တာပဲ။
ဖြစ်နိုင်ရင်ဂျူံအစပ်မုုန့်လေးတွေစားပြီးစိတ်ငြိမ်ငြိမ်ထားပြီး စဉ်းစားချင်ပါရဲ့..။
အင်း..မေးရိုးလေး လွဲနေတာက လွဲရင်ပေါ့..။

နောက်တစ်ရက်မှာတော့ ကျူ းယောင်တို့ နှစ်ယောက်လုံး သူတို့ရဲ့ နေ့ရက်တွေကို အချူ ပ်ထဲမှာပဲ သက်သက်သာသာစံနေရင်း ကုန်ဆုံးနေတယ်..။
18နှစ်အထက် မကြည့်ရ ဇာတ်ကားတွေကြည့်ဖို့အတွက်လည်း သူတို့ကို လာခေါ်မယ့် အစောင့်တွေ မရှိတော့ဘူး..။
မေးရိုးဆက်တာ နာပေမယ့်လည်း နောက်ဆုံးမှာတော့ ကျူ းယောင် သူ့မေးရိုးကို
အောင်မြင်စွာ ဆက်နိုင်လိုက်တယ်။

သူတို့ကို ဘုရင်မကြီးက မေ့သွားပြီလို့ ထင်နေရုံရှိသေး..
ဟော...ဘုရင်မကြီးက ဆောင့်ကြွားဆောင့်ကြွားနဲ့
ပေါ်လာပါတယ်..။
ဒီတစ်ခါမှာတော့ အရင်ကလို ပွင့်လင်းမြင်သာနေတဲ့ အဝတ်အစားတွေ မဝတ်တော့ပဲ ပုံမှန်အဝတ်အစားတွေပဲ
ဝတ်လာတာကို တွေ့ရတယ်..။

ဘုရင်မကြီးက အရင်ကလိုပဲ ငြုတုတု အမူအရာတွေ ရှိနေပေမယ့်လည်း အဲ
အနည်းဆုံးတော့ ဖိနပ်တွေ ဝတ်ထားသေးတယ်လေ..။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now