အခန်း(၁၅)ကောင်စုတ်လေးနဲ့ ပြန်ဆုံခြင်း

8.3K 1K 49
                                    

၁၅

သူမပေါ်မှာ အပုံလိုက် ထပ်ထားတဲ့ စောင်ပုံကြီး
ကြောင့် သူမလှုပ်မရဘဲ အတော်ပဲ မသက်မသာဖြစ်ရတယ်။အဲ့တာတင်မက သူ့ဘေးနားမှာ သူ့ဆရာဘယ်အချိန်က ရောက်နေတာလဲမသိဘူး။လက်ထဲမှာ လည်း ၁၁ထည်မြောက်စောင်ကြီးကို ကိုင်ထားပြီး
သူမပေါ် ခြုံပေးတော့မယ်။

''ဆရာ...´´
သူမ တော်တော်ကို စိတ်ပျက်သွားတယ်။သူ့ဆရာက သူ့ကို မနက်နိုးဖို့ အသစ်ထွင်ထားတဲ့ နည်း ဖြစ်ရမယ်!!အဲ့လိုဆိုရင်တော့ ဆရာရေ
ဆရာ အောင်မြင်ပါတယ်!!!

''အင်း...´´
ဘာမှမထူးဆန်းသလို ဖြေရင်း ၁၁ ထည်မြောက်စောင်ကို ပြန်သိမ်းထားလိုက်တယ်။သူရဲ့ အေးဆေးတည်ြငိမ်တဲ့ အပြုမူက တစ်ညလုံး တပည့်ကို
ဘေးကနေ စောင့်ကြည့်ပေးနေတဲ့ ဆရာနဲ့
လုံးဝ မတူသလိုပဲ။
''ဘယ်လိုနေသေးလဲ´´
ပြောရင်း နဲ့ သူ့လက်ကောက်ဝတ်ကို ဆွဲပြီး
စမ်းသပ်နေတယ်။

မနက်ခင်း စောစောစီးစီး သူ့ရာသီလာတာအကြောင်း မေးခံလိုက်ရတော့ သူမ မျက်နှာကြီး ရှက်သွေးတွေ ဖြာသွားတာပဲ။သူ့ဆရာရဲ့ အလေးနက်မေးနေတဲ့ မျက်နှာကိုလည်း တွေ့ရော ချက်ချင်းပဲ အားတင်းပြီး ပြန်ဖြေတယ်။
''ပိုကောင်းနေပြီ´´
သူမတစ်ကယ်ပဲ ပြန်နေကောင်းနေပြီဆိုတာ ပြဖို့
ထရပ်ဖို့ကြိုးစားလိုက်တယ်။
သူ့တပည့် ဘာမှ မဖြစ်တော့ဘူးဆို သေချာတော့မှ သူစိတ်အေးသွားပြီး သူလက်ကိုဖယ်လိုက်တယ်။
ကောင်းကောင်းနားဖို့နဲ့ ထဖို့မလိုကြောင်းပြောလိုက်တယ်။မနက်တောင် အတော်လင်းနေပြီဆိုတာ
တွေ့ရတော့ သူ့တပည့်က မနေ့က သောက်ချင်တယ် ပြောတဲ့ သကြားညိုရည် ကြိုဖို့ မီးဖိုချောင်ဘက် ဦးတည်လိုက်တယ်။
''အာ..ဆရာ..နေပါဦး´´
သူလှည့်တုန်းပဲရှိသေး သူ့တပည့်က သူ့အကျီကို
လှမ်းဆွဲတယ်။ပြန်လှည့်ကြည့်လိုက်တော့ သူခပ်ထုံထုံ တပည့်ရဲ့ မျက်နှာက သနားစရာ ငိုတော့မလို
မျက်နှာပေးနဲ့။
''ဆရာ စောင် ပုံထဲကနေ ဆွဲထုတ်ပေးလို့ရမလား
ကိုယ့်ဘာသာ မထွက်နိုင်တော့ဘူး...´´

ငါးရက်ကြာတော့ သူမရဲ့ အန်တီက နှုတ်ဆက်သွားပြီ။ငါးရက်အတွင်း သူမ တစ်ကယ့်ကို ပုံမှန်
မဟုတ်တဲ့ အနေထားမှာနေ နေရတာ။တချိန်လုံး လစဉ်သုံး အထုပ်တွေ ချုပ်ပေးနေတဲ့ သူ့ဆရာကို ဖယ်ထားလိုက်ရင်ကိုပဲ သူတို့ ကျောက်စိမ်းသစ်တောတောင်ကြီးက ရုတ်တရက် အသက်ဝင်လာလို့။ဘာလို့လည်းဆိုတော့ တစ်ရက်ပြီး တစ်ရက် တောင်ပေါ်ကို သကြားညို လာပို့ပေးတဲ့ ဓားတောင်က တပည့်တွေကြောင့်ပါပဲ။သူတို့တွေက သူမကို စပ်စပ်စုစု ကြည့်နေသေးတယ်။သူမ အန်တီလာတာကို
တစ်ဂိုဏ်းလုံးက သိနေသလို ခံစားရတယ်!!အမလေး ကယ်ကြပါ..!!
အစားသောက် စားပွဲမှာ အမြဲတမ်းအစားအသောက်နဲ့ အတူ သကြားညိုရည် တစ်ခွက်အမြဲရှိတယ်။ခုလောလောဆယ်တော့ အဲ့အရည်တွေ့ရင်ကို
သူမအန်ချင်လာပြီ။ပြီးတော့ သကြားညိုရည်တွေက
သူ့ဆရာလုပ်ပေးတာမလို့ ဘယ်လိုမငြင်းနိုင်ဘူး အကုန် သောက်ရရှာတယ်။သူ့အန်တီလည်း ပြီးသွားရော ချက်ချင်းပဲ လုံးဝ ဥသုံ အသေချာကို ထပ်မလိုတော့ဘူးဆိုတာ သူ့ဆရာကို အသေအကျေ ရှင်းပြလိုက်ရတယ်။အဲ့ကျမှ ပဲ အတင်းခွံံ့တိုက်တော့မယ့် ဆရာ့လက်က လွတ်တော့တယ်။
ဒီအဖြစ်အပျက်ကြောင့် ကျူ းယောင် တစ်ကယ်ပဲ စိတ်ပူလာတယ်။သူမဆရာက ဘယ်နေရာက ကြည့်ြက်ည့် အပြစ်ပြောစရာကိုမရှိဘူး။မကျေနပ်စရာကို
မရှိဘူး။ရုပ်ချောတယ် နံပါတ်တစ် နတ်ဝိဇ္ဇာ ဂုဏ်သိက္ခာကြီးတယ် ဒါ့အပြင်ဘက်စုံထူးချွန် အချုပ်လုပ်
အချက်အပြုတ်ပါ ကျွမ်းသေးတယ်။အရေးကြီးဆုံးကတော့ သူတပည့်ပေါ်လည်း အရမ်းကောင်းတယ်။ခက်တာက သူဆရာက ပုံမှန်အတွေးခေါ်ပျောက်နေသလိုပဲ။
ဟုတ်တယ်။သူ့မှာ ပုံမှန်အတွေးခေါ်ပျောက်နေတာ။
ခုလို ဖြစ်သွားတာမျိုးမှာဆိုရင် သူ့ဆရာရဲ့ ရိုးရိုးသားသားစိတ်ပူနေတဲ့ ပုံကိုသာ မမြင်မိရင် သူ့ဆရာ
ကျပ်မပြည့်ဘူး လွတ်နေတယ်လို့ပဲ ထင်မှာ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Dove le storie prendono vita. Scoprilo ora