အခန်း(၇၇)စိတ်မပူနဲ့ ငါ့ တာဝန်ထား

6.5K 952 93
                                    

ချီ မဲ့ နယ်မြေကို ရောက်လာကတည်းက ဖန်းရီ
ဟာ စကားမပြောတော့ဘဲ ဘေးနားမှာ တရား
ထိုင်ဖို့သာ ကြိုးစားနေတယ်။ ယခင်လို တည်ြငိမ်
တဲ.တောင်ထိပ်ပန်းကလေးအသွင်ကို ဆောင်
ရင်းပေါ့။

ကျူ းယောင်လည်း သက်ပြင်းချမိတယ်။
ဒီ ချန်းကျီဆိုတာက ဖန်းရီကို လိုချင်ကတည်းက
ရူးနေခဲ့တာ ကြာပြီပဲ။သူ့ ရှိသမျှ ပုံအောပြီး
စွန့်စားကာမှ ဖန်းရီကို ရမယ်ရှိသေးတယ်
ရက်နည်းနည်းကြာတော့ ဖန်းရီက ထွက်ပြေး
သွားတယ်။  အံ့ သြစရာတော့ မရှိပါဘူး။
ဒါကြောင့် သူ သေမယ်ဆိုရင်တောင် ဖန်းရီ
ကို ဒီလို လူသူကင်းမဲ့တဲ့ နေရာကို ပို့ဖို့ ကြိုးစား
ခဲ့တာ။ သူထင်တာက ဖန်းရီနဲ့ အတူတကွ သေ
နိူင်မယ်လို့ ထင်နေခဲ့တာ ဖြစ်ရမယ်။  ဖန်းရီ
နဲ့ အတူ ကံဆိုးသူ မောင်ရှင် နှစ်ယောက်ပါ
လာလိမ့်မယ်လို့ သူ ဘယ်တော့မှ တွေးမိမှာ
မဟုတ်လောက်ဘူး။

ကံဆိုးသူ မောင်ရှင် ကျူ းယောင်က ကံဆိုးသူ
မောင်ရှင် ကျီတန် ကို တံတောင်နဲ့တွက်တယ်။

'' အကို ကြီး ...ချန်းကျီ ကျတော်တို့ကို ဒီ
ပို့နိုင်တယ်ဆိုထဲက...ပြန်ထွက်ဖို့ သေချာပေါက်
ိလမ်းတစ်ခု ရှိရမယ် မဟုတ်ဘူးလား´´

သူ့ကို အပေါက်နက်ကြီးက စုပ်လိုက်တာကို
မှတ်မိတယ်။ ပြီးတော့ ထိုအပေါက်နက်က
ရုပ်ရွေ့ပြောင်းပစ္စည်းနဲ့ နည်းနည်းတူသလိုပဲ။


'' အစတုန်းကတော့...တစ်ခု ရှိတယ်´´

ကျီ တန်က သက်ပြင်းချတယ်။

'' သခင်မ ဖန်းရီက နတ်ဝိဇ္ဇာ တစ်ယောက်လေ
သူသာ ရှိသမျှ စွမ်းအား.သုံးမယ်ဆိုရင်
ဟင်းလင်းပြင်ကို ဖြတ်ပြီး ပုံမှန်လောကကို
ပြန်နိုင်မယ်....ဒါပေမဲ့ လောလောဆယ်
ဂိုဏ်းတူ ဒေါ်လေး က ဒဏ်ရာလည်းရထား
ပြီး..ပြန်မကောင်းသေးသလို ဒီ နေရာကလည်း
ဒဏ်ရာကုဖို့ ချီ မရှိတဲ့ နယ်မြေ ဖြစ်နေတယ်..
ဂိုဏ်းတူ ဒေါ်လေး ဖန်းရီ ကို ကုသဖို့ဆိုတာ
တော့ မဖြစ်နိုင်တော့ဘူး´´

''ဒါဆို ရင် ဂိုဏ်းတူ ဒေါ်လေး ဒဏ်ရာတွေ
သာ ကုနိုင်ရင် ကျတော်တို့ ပြန်နိုင်တယ်လို့
ဆိုလိုတာပေါ့´´

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now