၅၂
ဆေးပင်စောင့် မှော်သတ္တဝါ''မင်း ပြောချင်တာက ဒီနားမှာ....ကောင်းကင်စည်းချက် ကြာပွင့် ရှိနိုင်တယ်ပေါ့...´´
ကြည်လင်ဖောက်ထွင်း ရွက် တစ်ပြုံကိုကြည့်ရင်း ဝမ်ရှုဟိုင်အမူရာက နည်းနည်းတင်းမာလာတယ်။ ပျက်စီးသွားတဲ့ ကိုယ်တွင်း သွေးကြောတွေကို ပြန်တည်ဆောက်နိုင်တဲ့ ကောင်းကင်စည်းချက် ကြာပွင့်ဆိုတာ စာအုပ်ထဲမှာပဲ မှတ်တမ်းရှိပြီး ဘယ်သူမှမကြားဖူးကြဘူး။
သို့ပေမဲ့ ဒီနေရာက
စိုစွတ်တဲ့ အတွက်ကြောင့် ကြည်လင်ဖောက်ထွင်း ရွက်တွေတောင် လန်းဆန်းစွာနဲ့
အပြုံလိုက် တွေ့နေရတာ
ဒီနားက ရေကန်တစ်ခုခုမှာလည်း ကြာပွင့်ပေါက်နေနိုင်တယ်။သို့ငြားလည်း ဒီလို ကြာပွင့်နဲ့အတူ လိုက်ပေါက်နေတာ ဒီလို ဆေးပင်တွေတင် မကဘဲ အနီးနားမှာစောင့်ရှောက်တတ်တဲ့ မှော်သတ္တဝါတွေလည်း ရှိတတ်တယ်။ပြောရရင်တော့ ဒီနားမှာ ဆဌမဆင့်(၆) မှော်သတ္တဝါ ရှိနိုင်တယ်။ပိုဆိုးရင် တစ်အုပ်တစ်မကြီးတောင် ရှိနိုင်တယ်။''အရင်ဆုံး ပြန်ရအောင်....အကိုကြီး ချန်းရီနဲ့ တိုင်ပင်ပြီးမှ...ဒီနေရာကို စုံစမ်းကြမယ်´´
ဝမ်ရှုဟိုင်လည်း ဆေးပင်တွေကို ပုံးထဲထည့်တယ်။သူ့မျက်နှာက စောစောကလို ဝမ်းသာပုံမပေါက်တော့ဘဲ နည်းနည်း တင်းမာနေတယ်။
သူမလည်း လူများလေ အလုပ်ပြီးတာ မြန်လေမလို့ သိပ်မကန့်ကွက်နေဘူး။ဘာပဲ ဖြစ်ဖြစ် ဆဌမဆင့် မှော်သတ္တဝါဆိုတာက အမြူ တေပြည့်စုံအဆင့်နဲ့ ညီတယ်။သူတို့ နှစ်ယောက်မှာ သူမက နတ်အမြူ တေ
ကနဦးဆင့် နဲ့ တစ်ယောက်က အမြူ တေ အလယ်လတ်ဆင့် ဖြစ်လို့ ဒီလို မှော်သတ္တဝါ နဲ့ တိုက်ခိုက်လို့ သူတို့ မသေတောင် ဒဏ်ရာကလည်း
သက်သက်သာသာ ရမှာတော့ မဟုတ်ဘူး။ပြီးတော့ သူတို့ ဝိညဉ်ကြောနဲ့ဆို သွေးကြောတွေ ပြန်ဖျက်ပြီး ဆောက်စရာမလိုအောင် ကောင်းပြီးသားမလို့ ဒီကြာပွင့်က သူတို့ဖို့ သိပ်အသုံးမဝင်ဘူး။
သို့ပေမဲ့ သူတို့ စုရပ်တောင် မရောက်ခင်မှာပဲ
သူတို့ရှေ့ကနေပြေးလာတဲ့ လူတစ်ယောက်နဲ့ ဝင်တိုက်မိတယ်။သူကတော့ ဖက်တီလေးကျူ း
ကြိုက်နေတဲ့ လုချာပဲ။သူမလမ်းလျှောက်နေပုံက
မြန်လွန်းတာကြောင့် ပြေးနေတာနဲ့ ပိုတူတယ်။
ESTÁS LEYENDO
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...