အခန်း(၆၇)ဂုဏ်ပြုပွဲအခမ်းနား
ပုံမှန်အားဖြင့်တော့ ဇီမိုလည်း ဒီလို သူ ဘယ်က
လာတယ် ဘာလဲဆိုတဲ့ အသေးစိတ်တွေ သိပ်
စိတ်မဝင်စားပါဘူး။ခြေသလုံးအိမ်တိုင် ကျင့်ကြံ
သူတွေ ဂိုဏ်းထဲဝင်ချင်တယ်ဆိုတာက ဖြစ်နေ
ကြပဲ။ သို့ပေမဲ့ ခြေသလုံးအိမ်တိုင် နတ်ဝိညာဉ်
အဆင့်ကျ ထိန်းဖို့ ခက်တယ်။ပုံမှန်ဆိုရင်
ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေဖို့ ဘဝဟာ
ခက်ခဲလွန်းတယ်။နတ်ဝိညာဉ်အဆင့် ဆိုတာလည်း အတော်ပင် နည်းပါးပြီး သူတို့ဘာသာ နေထိုင်ဖို့ ပဲ စိတ်ဝင်စားတော့တယ်။ ဂိုဏ်းထဲကို မဝင်လိုတော့ဘူး။ဒါကြောင့် နတ်ဝိညာဉ်အဆင့်တစ်ယောက်က
ဂိုဏ်းထဲဝင်ချင်တယ်ပြောရင် ငတုံးဂိုဏ်းကပဲ
သဘောမတူမှာ။ပြီးတော့ ရှေးဟောင်းတောင်
ဂိုဏ်းမှာက တောင်သခင် နတ်ဝိညာဉ် တွေ အပြင် တခြား နတ်ဝိညာဉ်အဆင့် အကြီးအကဲက
အနည်းငယ်သာ.ရှိတယ်။ တစ်ယောက်ပိုတိုး
လာလေ ကောင်းလေပဲ။''လေးစားရတဲ့ တာအိုသခင်က ကျွနု်ပ်တို့ ဂိုဏ်းထဲ ဝင်မယ်ဆိုတော့ တစ်ကယ့်ကို ဂုဏ်ယူ
စရာပါပဲ....ဘယ်တောင်ကို များ တာအိုသခင်
ဝင်ချင်များလည်း မသိဘူး...''''ကျနော်လည်း ဒီကိစ္စကို ခုထိမတွေးရသေးဘူး.''
ကျူ းယောင်လည်း ရိုးသားစွာ ဖြေတယ်။
''ဒါဆို တာအိုသခင် ကျွမ်းကျင်တဲ့ နယ်ပယ်
များ ရှိလားမသိဘူး...လက်နက်ပြုလုပ်တာ..
ဆေးလုံးဖော်တာ...အဆောင်လက်ဖွဲ့ ဖန်တီးတာမျိူ းပေါ့...''''ဆေးလုံးဖော်...တာ...လက်နက်ပြုလုပ်တာ..
လက်ဖွဲ့ စီရင်တာ...ကျနော်..''ကျူ းယောင်လည်း ခေါင်းငုံသွားပြီး ခဏမျှ
စဉ်းစားတယ် ပြီးမှ အတည်ပေါက်မျက်နှာနဲ့
ဖြေတယ်။''အဲ့တာတွေ တစ်ခုမှ ကို မသိတာ..''
ဇီမို ခြေထောက်တွေ ပျော့ပြီး လဲချင်သလိုလို
ဖြစ်သွားတယ်။ ကိုယ်ဘာမှ မလုပ်တတ်ကြောင်း
ခပ်မာမာ ပြောတဲ့ သူတွေက ရှိသေးတယ်လား။ဇီမိုလည်း လုပ်ပြုံးလေးပြုံးရင်း မျက်နှာကြီးတော့
မည်းသွားတယ်။ဘယ် နတ်ဝိညာဉ်အဆင့်ပဲ
ဖြစ်ဖြစ် ဘယ်လောက်ပဲ ကြိုးစားပါစေ ဒီအဆင့်
ရောက်ဖို့ နှစ် ၁၀၀ လောက် ကြာတယ်။
အနည်းဆုံးတော့ သူပြောတာတွေထဲက တစ်ခုမဟုတ် တစ်ခုတော့ တတ်ကျွမ်းကြတာချည်းပဲ။
ကဲ ဒီလူကြီးမင်းက ဘာမှ မသိဘူးတဲ့။ခု ချိန်ထိ
ဘယ်လို ရှင်သန်နေပါလိမ့်။

YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...