(3...ပိုင်းစာရိုက်ပေးသော ညီမလေး တိမ်လွှာဖြူ
ကို ကျေးဇူးပါ...😉)“ညီလေးဆွိုင် ..... ညီလေးဆွိုင်”
ကျူ းယောင်လည်း ဘေးနားကလူ တံတောင်နဲ့တွက်မှသာ အသိဝင်လာတော့တယ်။
“ဟင်”
“ဘာဟင်လဲ .... မင်းအလှည့်ပဲ မြန်မြန်ထုတ်ပေးတော့လေ”
ကျူ းယောင်လည်း အံ့သြသွားတယ်။ အလိုလို ပြန်မေးမိတယ်။
“ဘာထုတ်ပေးရမှာလဲ”ကျီတန်က အကျယ်ကြီးရယ်ရင်း သူ့ပုခုံးကိုပုတ်ကာ အရွှန်းဖောက်တယ်။
“ဒီကို အမောတကော ပြေးလာခဲ့ရလို့ တူမလေးဖို့ လက်ဆောင်မေ့ခဲ့တာတော့ မဟုတ်ပါဘူးနော်”ထိုအခါမှပဲ လူတိုင်းကယူလာတဲ့ မှော်ဝင်ပစ္စည်းတွေနဲ့ မှော်ဆေးလုံးတွေကို ကလေးအမေကို ပေးနေကြတာ တွေ့လိုက်ရတယ်။ ဒါတွေက လက်ဆောင်ပေးနေကြတာပဲ။ ဝမ်ရှုဟိုင်တောင် ချီဓားတစ်ခုပေးပြီးပြီ ။
သူကလွဲလို့ အားလုံးပေးပြီးကြပြီ ။
ကျူ းယောင်လည်း မျက်နှာမထားတတ်အောင် ဖြစ်သွားတယ်။ လက်ဆောင်ယူလာသင့်တယ် ဆိုတာ သူမေ့သွားတယ်။ လှည့်ကြည့်လိုက်တော့ ကလေး လေးက သူ့အမေရင်ခွင်ထဲမှာ . . . .နှဖူးပေါ်က အမည်းရောင် စာလုံးသုံးလုံးက ကျူးယောင်ကို နေမထိထိုင်မသာ ဖြစ်စေတယ်။ ရုတ်တရက် သူ့မှာ အကြံတစ်ခု ရလာတယ်။
ဇီမို့ မျက်လုံးတည့်တည့်ကိုကြည့်ပြီး သူလည်း ပြောလိုက်တယ်။
“ဟိုး ဟိုး. . . . . အကိုကြီးရေ ကျတော်လည်း လက်ဆောင်တစ်ခုခု ပြင်လာဖို့ မေ့သွားတယ် . . . . ဒါပေမဲ့လေ ဒီတူမလေးကို မြင်မြင်ချင်း သဘောကျသွားမိတာ ဒီလိုလုပ်ပါလား . . . . ကျတော် သူ့ကို ကျတော့် တပည့်အဖြစ် လက်ခံမယ်လေ”
ဒီကောင်မလေးမှာ ဘယ်လိုပဲ ‘အဖျက်ကောင်’ စာလုံး ပါလာတယ်ပြောပြော
အခုချိန်မှာတော့ သူဟာ ကလေးပဲရှိသေးတယ်။ ရှောင်ရီဆိုရင် ဘာကြောင့်အဖျက်ကောင် ဖြစ်လာရတာလဲဆိုရင် ငယ်ငယ်က သူခံစားခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေ မတရားမှုတွေက သူရဲ့ လောကအပေါ် အမြင်ကို ပြောင်းလဲသွားစေပြီး ‘အဖျက်ကောင်’ဖြစ်လာစေတာပဲ ။ မဟုတ်ရင် ရှောင်ရီဟာ ဝိညာဉ်ပစ္စည်းငါးခုကို လုယူပြီး ကမ္ဘာကိုပျက်စီးစေမယ့်သူ ဖြစ်လာမှာမဟုတ်ဘူး။ သို့ပေမဲ့ ဒီကလေးက ခုမှ ငယ်ငယ်လေးရှိသေးတာ . . . သူသာ ကလေးကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိအောင် သင်ပေးမယ်ဆိုရင်ရော. . . . ။.
VOUS LISEZ
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Comédieကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...