အခန်း(၄၉)တာရို့လူသို့ ထွက်ခွာခြင်း

6.7K 878 48
                                    

၄၉

တာရို့လူ သို့ ထွက်ခွာခြင်း

(နာမည်များကို ဘာသာပြန်ရာတွင်...googleမှ..အသံထွက်နားထောင်ပြီး..ပြန်ပါသည်...မတွေ့ရသည်များကိုတော့..ကိုယ်စိတ်ထင်ရာ ရင်းနီးသည့် အတိုငိး ပြန်လိုက်သည်...နားလည်ကြပါကုန်...)

ကျူ းယောင် မျက်လုံးများလည်း ပြူ းထွက်လာတယ်။ဒါက ခရမ်းပြာ ကိုးမျိုး မိုးကြိုးပဲ။ဒါနဲ့ဆိုရင် သူမထက် ပို စွမ်းတဲ့ မှော် သတ္တဝါတွေ့ရင်တောင် ကြောက်စရာမ လိုတော့ဘူးမလား။

''ဆရာ...ဆရာက အကောင်းဆုံးပဲ´´

တကယ်ကို ဟတ်ခ်ထိစေတာပဲ။

ယုယန်က ဘာမှ ပြန်မပြောဘဲ သူ့လက်ကို ဆန့်ထုတ်ပြီး အစောထဲက လေ့ကျင့်ရေးကြောင့် ရှုပ်ပွနေတဲ့ သူ မဆံပင်တွေကို ပိုရှုပ်သွားအောင် ဖွပေးနေတယ်။ခပ်တုံးတုံး ပြုံးနေတဲ့ သူ့တပည့်ကို ကြည့်ရင်း သူ ပိုတောင် စိတ်ပူလာသေးတယ်။သူ့ တပည့်က ဒီလောက် တုံးတာတောင် အန္တရာယ်ရှိတဲ့ နေရာတွေ ဆီ သွားချင်နေသေးတယ်။အရင်တစ်ခေါက်ကတောင် အသက်ဆုံးရှုံးခဲ့ရတာ သူ ပိုတိုးပြီးတောင်
စိုးရိမ်မိသေးတယ်။မဖြစ်သေးဘူး..သူ့အသက်ကို ထပ်ပြီး အကာကွယ်ပေးမည့် ပစ္စည်းတွေ ပေးအုံး မှ။

''တာရို့လူ မှာအန္တရာယ်တွေက ပေါလွန်းတယ်
ဆရာ မင်း နားမှာ မရှိနိုင်တာမလို့ ကိုယ့်ဘာသာ ပို သတိထားပါ....ဒီ ဓားက တိုက်ခိုက်လို့ပဲ ရတာ..မင်း တစ်ချိန်လုံး သတိ ရှိနေဖို့ လိုအပ်တယ်´´

ခဏကြာစဉ်းစားပြီးနောက် သူ့ရဲ့ ပစ္စည်းသိမ်းအိတ်ကနေ အကာကွယ် ဝတ်ရုံတစ်ခု ထုတ်လိုက်တယ်။

''ဒါကို ဝတ်´´

ကျူ းယောင်လည်း သူမ မျက်စိကျိန်းလောက်အောင်တလက်လက် ရွှေရောင် တောက်နေတဲ့ ဝတ်ရုံကို ကြည့််မိတယ်။သူမလည်း ခပ်တိုးတိုး ပြောမိတယ်။

''ဆရာ..ဒါ ကြီးကတော့ သိပ်မကိုက်ဘူးလား လို့လေ´´

''မင်း မကြိုက်ဘူးပေါ့...´´

ယုယန်လည်း မျက်မှောင် ကြုတ်ကာ နောက်တစ်ထည် ထုတ်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora