အခန်း(၃၅)ကလေးပြန်ပေးသမား

7.8K 1K 214
                                    

35

သူမ သေသွားပြီ။

သူမဘယ်ရောက်နေလဲသေချာမသိပေမဲ့
သူမ သေသွားတယ်ဆိုတာတော့ သေချာသိနေတယ်။

ဘာလို့လဲဆိုတော့

ပြန်အသက်သွင်း မရအောင်
သေဆုံး ဆိုတာကြီးက ဘာလို့
သူမအလောင်းပေါ်မှာ ရှိနေရတာလဲ!ပြီးတော့
သူမ ဒဏ်ရာရထားတဲ့နားကိုရော ဘာလို့
အစက်ပြောက်တွေးသုံးပြီး ဝါးထားရတာလဲ!
ဖန်ဆင်းရှင်က နောက်ပြောင်သတဲ့လား!ထွက်ခဲ့စမ်းပါ သူ သေအောင် မရိုက်သတ်ပါဘူးလို့ အာမခံတယ်!

ပြီးတော့ ဘာကိစ္စက ချက်ဝင်းဒိုး(စကားပြောလို့ရမယ့် meesneger box) က ပေါ်လာရတာလဲ!

ကွန်ပြူတာက ချက်ဝင်းဒိုးနဲ့ အတိကျ တူတယ်။
အဲ့တာက သူမရှေ့မှာ ပေါ်လာပြီးတော့ သေ
သေချာချာ ရေးထားတယ်။
'မင်းက အသက်ပြန်သွင်းမရအောင်.သေ
သွားပြီ..နောက်ထပ် အသက်ပြန်ရှင်လိုပါသလား'
အောက်မှာက ရွေးစရာနှစ်ခုပေးထားတယ်။
'ရက်စ် သို့မဟုတ် ရက်စ်'။

ဒီလို ဂိမ်းဆန်ဆန် ပုံစံကြီးက! ပြောတော့ ကျင့်ကြံခြင်းလောက ဆို! ပြီးတော့ ဘာလို့ ရွေးချယ်စရာက ရက်စ် သို့မဟုတ် ရက်စ် လဲ! ဒီလို လုပ်ဖို့
တစ်ကယ်ပဲ လိုလို့လား!

သို့ပေမဲ့ သူမအလောင်းဘေးက လူတွေကတော့
သူမလက်ရှိပုံစံကိုလည်း မမြင်နိုင်သလို သူမ
ကိုယ်ပေါ်က အသက်သွင်းမရအောင် သေဆုံး
ဆိုတာတွေကိုလည်း မြင်ပုံမရဘူး!မြေခွေးမိစ္ဆာက
သေဆုံးနေပြီ။ဝမ်ရှုဟိုင်က သူမကိုတင်းတင်း
ကျပ်ကျပ် ဖက်ထားတုန်း။ သူရဲ့ချီ တွေကို အတင်း
သွင်းပေးရင်း သူမ ဒဏ်ရာတွေကို ကုဖို့ ကြိုးစားနေတယ်။ စိတ်မကောင်းစရာက သူမက သေနေပြီ။
သူမကို သွင်းပေးနေလို့ အကျို း မရှိတော့။
သူ သွင်းပေးတဲ့ ချီ တွေက သူမကိုယ်ထဲ ကြာကြာ မနေဘဲ လွင့်ပြယ်သွားကြတယ်။

'မသွားရဘူး..မဖြစ်ရဘူး
မမကျူ းယောင်..မမ ဘာမှ မဖြစ်ရဘူး''

ဝမ်ရှုက စက်ရုပ်လိုပဲ ဒီစကားလုံးတွေကို ထပ်ကာထပ်ကာ ရေရွတ်နေတယ်။လုံးဝ မရပ်ဘူး။သူ့ကိုယ်သူ သေချာ
အောင် ပြောနေသလိုပဲ။သူ့ကြည့်ရတာ ဒါက လွဲလို့
တခြား မတတ်နိုင်တဲ့ ပုံစံပဲ။သူ့လက်ထဲက သူမ
အလောင်းက တဖြည်းဖြည်း အေးစက်လာနေပြီ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Opowieści tętniące życiem. Odkryj je teraz