အခန်း(၉၇)အရံသရုပ်ဆောင်

6.5K 962 57
                                    

၉၇

လခွမ်း!
အထက်ဘုံတက်သွားပြီဖြစ်တဲ့ သူတွေကိုတော့
မပြောပါဘူး။ဒါပေမဲ့ ဒီလောကမှာနေနေတဲ့
ကျင့်ကြံသူဆိုတာလည်း လူပဲလေ။ လူဆိုရင်
ကိုယ်ထဲမှာ ရေက ၇၀% ကို ပါတယ်။
ရေဝိဉာဥိကြောဆိုတာလည်း ရေကို ထိန်းချုပ်
နိုင်တာလေ။ ဘယ်သူကများ သူတို့ကို အသုံးမကျ
တဲ့ဟာတွေလို့ စပြောခဲ့သလဲ။

ထင်တဲ့အတိုင်းပဲ အသိပညာမဲ့ခြင်းဟာ ကြောက်
ဖို့ကောင်းတယ်။

''ယုလော်လည်း ဒီ လို နည်းတွေ ကို တစ်ခါမှ
မကြားဖူးဘူး...ဆရာ တပည့်ဖို့.သီးသန့်ထွင်
လိုက်တာလား´´

နောက်ဆုံးတော့ မုနိလာဥလေးမျက်လုံးက
မျက်ရည်တွေဝဲလို့။

'' အေး...ဒီလိုပဲပေါ့...´´

တစိကယ်တော့ သူ့ကိုလည်း ကျောင်းက
ဓာတုနဲ့ရူပ ဆရာတွေ သင်ပေးခဲ့တာပဲလေ။

''ဆရာ...တပည့်လေ သေချာပေါက် ဆရာ
မျှော်မှန်းတဲ့အတိုင်း ဖြစ်လာစေရပါမယ်´´

ယုလော်က ကျူ းယောင်ကို ဒူးထောက်ကာ
ဦးသုံးကြိမ်တိုက်တယ်။သူမ မျက်လုံးက
ယုံကြည်မှု အရောင်တွေ တောက်လျက်။

ကျူ းယောင်လည်း စိတ်သက်သာရာရသွားတယ်။
သူ့မှာ ရေဝိဉာဉ်ကြောပိုင်တာကို သိပြိးကတည်းက
ယုလော်က ထုတ်မပြောသော်လည်း သူ့ကိုယ်သူ အကောင်းသိပ်မမြင်
တာတော့ အမှန်ပဲ။

ကြိးကြိုးစားစားကျင့်ကြံနေပေမဲ့လည်း ဆရာဖြစ်သူကို စိတ်မပျက်စေချင်ရုံသက်သက်ဖြစ်ခဲ့တယ်။
သူ့ ဝိဉာဉ်ကြောက အသုံးမကျဘူး။ ဂိုဏ်းမှာ
လည်း ထွန်းပြောင်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင်
တခြားမလိုအပ်တဲ့.ဒုက္ခတွေကိုပဲ ဖြစ်ပေါ်လာစေမှာလို့ သူ့စိတ်ထဲ ယုံမှတ်နေရှာတယ်။ သူ့ကိုယ်သူ
စိတ်ပျက်တယ်ဆိုတာက ရှောင်လွှဲလို့ မရဘူး
ုဖြစ်နေခဲ့တယ်။ သို့ပေသိ ဒီနေ့မှာတော့
ဒီလို စိတ်ထဲက မယုံမကြည်ဖြစ်နေမှုတွေက
နေလာ နှင်းပျောက်သလို ကွယ်ပျောက်ခဲ့ရပြီ။

သူမရဲ့ လက်ရှိ ကိုယ့်ကိုကိုယ် ယုံကြည်နိုင်စွမ်း
နဲ့ဆိုရင် အိပ်မက်ထဲက အတိုင်း ဖြစ်ခဲ့ရင်တောင်
ခန္ဓာကိုယ် ဝင်စီးခံရရင်တောင် အဆုံးထိ
မူန်လာဥလေး ပြန်တိုက်ခိုက်နိုင်မယ်လို့ ကျူ းယောင်
ယုံတယ်။.သို့ပေမဲ့လည်း...

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora