အခန်း(၄)ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်း

10.5K 1.1K 57
                                    

သစ်ရွက်ပျံကို ထိန်းနေတဲ့ တာအိုဆရာလေးယောက်ကို ကြည့်ရင်းသူမတစ်ကယ်ပဲ စိတ်လှုပ်ရှားလာပြန်တယ်။ဒိလူတွေ သူမဆီက ဘာလိူချင်နေကြတာလဲမသိဘူး။ဟိုဖန်လုံးက တစ်ကယ်ပဲအဲ့လောက်အရေးပါလို့လား။တစ်ကယ်ဆို ဝိညဉ်ကြောစမ်းသပ်တဲ့ ဖန်လုံးတွေဆိုတာ ပေါပေါပဲပဲရှိတယ်မဟုတ်ဘူးလား။ပျက်စီးသွားတယ်ဆိုတောင်မှ သူမကိုခုလို ဖမ်းခေါ်လာပြီး
စစ်မေးကြဖို့မလိုဘူးထင်တာပဲ။

သူမလို ဖြူစင်ရိုးသား အပြစ်ကင်းတဲ့ သူတစ်ယောက်က ခဏနေ အစွပ်စွဲခံရပြီး နောက်ထပ်ကျန်ဘဝတစ်ခုလုံးနီးပါး အကြွေးပြန်ပေးဖို့
အလုပ်လုပ်နေရတော့မယ်ဆိုတာ စိတ်ကူးကြည့်မိတော့ ချက်ချင်း ကြောက်ရွံလာတယ်။
အမေရေ ကယ်ပါဦး အိမ်ပြန်ချင်လာပြီ!

သူမတစ်ယောက် ကူကယ်ရာမဲ့သလိုခံစားနေတုန်းရှိသေး သူ့ရှေ့က မြင်ကွင်းက ရုတ်တရက်ပြောင်းလဲသွားတယ် စောစောကမှ သူမရှေ့မှာမြင်နေရတာက တိမ်ပင်လယ်ချည်းပဲ။
ခုကျတော့တွေ့လိုက်ရတာက လေပေါမှာပေါ်လောပေါနေတဲ့ တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ တောင်တန်းကြီး။အောက်ဘက်မှာ ပင်လယ်ပြာရှိနေပြီး တောင်ထိပ်ကနေ ငွေရောင်အမျှင်တွေ ပင်လယ်ထဲစီးဝင်နေသလိုပဲ ရေတွေက စီးကျနေတယ်။ဒိလို လှပတဲ့မြင်ကွင်းကို တစ်သက်နဲ့တစ်ကိုယ်ခုမှ တွေ့ဖူးတဲ့ သူမအဖို့တော့ ခဏလောက် ဆွံ့အသွားတယ်။

ခဏကြာတော့ သူတို့သစ်ရွက်ပျံက အကြီးဆုံးတောင်ရှိတဲ့ ရှေ့မှာရပ်လိုက်တယ်။ဦးလေးငယ်လီက သူ့လက်ထဲကိုင်ထားတဲ့ သစ်သားအမိန့်ပြားလေးကို ထုတ်ယူပြီး ရှေ့ကိုပစ်လိုက်တယ်ဆိုရင်ပဲ တောင်ကိုကာကွယ်ထားတဲ့ အကြည်ရောင် အလွှာပါးလေးမှာ ချက်ချင်းပဲ အပေါက်တစ်ခုပေါ်လာတယ်။

သူတို့သစ်ရွက်ပျံလည်း ဖြတ်သွားပြီးရော အပေါက်ကချက်ချင်းပြန်ပိတ်သွားတယ်။ကျူ းယောင်ထင်မိတာတော့ ဒါဟာ တောင်ကို ကာကွယ်ထားတဲ့ အကာရံပဲလို့။(TN:တောင်တစ်ခုလူံးကို ခြုံထားတာပါ)

တောင်ကြောတစ်လျှောက်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံအကြီး အသေးလေးတွေအစုံကို မြင်နေရတယ်။သူတို့ဦးတည်ပျံသန်းသွားတာက အကြီးဆုံးအဆောက်အုံရဲ့ မြေကွက်လပ်ရှေ့ကိုပါပဲ။နောက်ဆုံးတော့ သူမ မြေပေါ်ကိုခြေချခွင့်ရပြီလေ။မြေကွက်လပ် ရှေ့မှာ မုန်လာဥဖြူလေး(ခလေးတွေ)တစ်ရာကျော်လောက်ကို စုစုစည်းစည်းရပ်နေကြတယ်။အုပ်စုလေးစုခွဲရပ်နေကြပြီး တစ်ခုဆီရှေ့မှာ အဖြူရောင်ဝတ်စုံထားတဲ့ တာအိုဆရာ တစ်ယောက်ဆီ ရှိနေကြတယ်။ဒီကလေးတွေက တခြားမြို့တွေဆီကနေ ရွေးလာတဲ့ ကလေးတွေပဲဆိုတာ သူမ သိလိုက်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Nơi câu chuyện tồn tại. Hãy khám phá bây giờ