Unicode
'' နတ်ဝိဇ္ဇာသခင် ကျူးယောင် ခင်ဗျား''
ဝူဆောင်းလည်း
ထိတ်လန့်တုန်လှုပ်နေရာကနေ
အသိပြန်ဝင်လာတယ်။ မြေပြင်မှာ ဝပ်နေရဆဲ
ဖြစ်ပေမဲ့ ပြောဖို့ကြိုးစားတယ်။'' ယန်အာ နာမည်ရင်းက မုမေ့ယန်ပါ
ပျံသန်းမိုးပြားဂိုဏ်းရဲ့ ဂိုဏ်းဟောင်း
မိုးပြာဖျော့ရောင် ဂိုဏ်းချုပ်ရဲ့ အကြီးဆုံးတပည့်ပါ ... ဒိဌိကျင့်ကြံသူတွေ လိုက်တိုက်
ခိုက်လို့ သေပြေးပြေးခဲ့ရပြီး လက်မတင်
လေး လွတ်ခဲ့ရတာ ခုမှသာ အကြောင်းဆုံ
လို့ ဂိုဏ်းကို ပြန်လာနိုင်ခဲ့တာပါ
နတ်ဝိဇ္ဇာ ပြောတဲ့ တောင်ဘက်ကြယ်မင်း
ဂိုဏ်းကဆိုတာ မဟုတ်ရပါဘူး''(အခန်း ၉၄ တွင်ပါခဲ့)
'' အော် အဲ့လိုတဲ့လား ''
ကျူးယောင်လည်း ခပ်လှောင်လှောင်
ရယ်မောလိုက်တယ်။
မုမေ့ယန်ကို ယန်အာလို့ ဝူဆောင်း
ခေါ် လိုက်ထဲက မုမေ့ယန်ဟာ သူ ခန္ဓာကိုယ်
အပိုင်စီးထားသော ရူလုနာမည်ကို မသုံးဘဲ
ကွယ်ဝှက်ထားတယ်ဆိုတာ သိလိုက်ရတယ်။
သူ မထင်ထားတာက ရှုလုဟာ တောင်ဘက်
ကြယ်မင်းဂိုဏ်းကနေ ထုတ်ပယ်ခံလိုက်
ရပြီးသားဆိုတာပဲ။
ကြည့်ရတာ လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း
အဖျက်မ မုမေ့ယန်နဲ့ အဓ်ိကဇာတ်ဆောင်
စွမ်းအားထွန်းလင်း ယွဲ့ဟန်ရှင်းကြားက
ပြိုင်ဆ်ိုင်မှုတွေက အတော်လေးပြင်းထန်
ပုံပဲ။ဒါ့အပြင် ဒီရောက်နေပုံထောက်ရင် မုမေ့ယန်ဘက်က မရှုမလှခံ
နေရပုံပေါ် တယ်။'' ဟမ့်..... မှန်လား မှားလားဆိုတာ
တောင်ဘက်ကြယ်မင်း ဂိုဏ်းချုပ်ကို ဖိတ်ပြီး
မေးလိုက်ရင် သိရမှာပဲ မဟုတ်လား
ငါတို့ ရှေးဟောင်းတောင်ဂိုဏ်းက
တောင်ဘက်ကြယ်မင်းဂိုဏ်းချုပ်ကို
ဖိတ်ခေ ါ် န်ိုင်တဲ့ ဂုဏ်တော့ ရှိနေပါသေးတယ်''ထင်တဲ့အတိုင်းပဲ မုမေ့ယန်မျက်နှာ ပျက်
ယွင်းသွားတယ်။ မျက်လုံး အရောင်
တစ်ချက်လက်သွားပြီး ကြားက ဖြတ်ပြောတယ်။'' မလိုပါဘူး''
'' ယန်အာ.....''
ကျူးယောင်ပြောတာ ဖြစ်နိုင်တယ်လို့
ဝူဆောင်းခန့်မှန်းမိပေမဲ့ ခုလို ကြားသိရတော့
မယုံနိုင်ဖြစ်သွားရတယ်။
ВЫ ЧИТАЕТЕ
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Юморကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...