ထိုလူ ငါးဦးလည်း အချင်းချင်းပြန်ကြည့်မိကြ
တယ်။ ဘာတွေဖြစ်နေတာလဲဆိုတာ သူတို့ချင်း
သေချာမသိခင်မှာပဲ စောစောက ကောင်လေးကို
တုတ်ရွယ်တဲ့ လူဟာ တစ်ခုခုက တွန်းထုတ်လိုက်သလိုမျိုး အတော်ဝေးဝေးကို လွင့်သွားတယ်။တခြားသူတွေ အားလုံးလည်း လန့်ဖြန့်သွားကြ
တယ်။ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်
ရှာဖွေရင်းပေါ့။ခဏနေတော့ ကျန်တဲ့ လေးယောက်လက်ထဲ
မှာ ရှိနေတဲ့ သစ်သားတုတ်တွေလည်း လွင့်
ထွက်သွားပြန်တယ်။'' သရဲ....သရဲ....ထပ်လာပြန်ပြီဟ''
တစ်ယောက်က တုန်ရီစွာ ရေရွတ်ရင်းနဲ့ ပြေးသွား
တော့တယ်။ ကျန်တဲ့လေးယောက်လည်း
အလန့်တကြားနဲ့ အပြိုပြိုအလဲလဲ ထွက်ပြေး
သွားကြတယ်။ထိုနေရာမှာ ကောင်လေးတစ်ယောက်သာ
ကျန်နေခဲ့တယ်။ကောင်လေးလည်း ကြောင်
တောင်တောင် ဖြစ်ကျန်ခဲ့တယ်။ ပတ်ဝန်းကျင်
ဘေးဘီကို မျှော်လင့်တကြီး နဲ့လည်း လိုက်ကြည့်
နေပြန်တယ်။ကျူ းယောင်လည်း သက်ပြင်းချမိရင်း သူမကိုယ်
ဖျောက်ရာကနေ ထွက်ပေါ်လာတယ်။
အရင်လို နူးညံ့ တဲ့ ကယ်တင်ရှင်မမ
ပုံစံမရှိတော့
ဘဲ မာနကြီး အေးစက်သော ပုံစံကိုသာ
ဆောင်ထားလိုက်တော့တယ်။ကျူ းယောင်လည်း ဘာမှ ပြောမနေဘဲ လက်သာ
ဆန့်ထုတ်လိုက်တယ်။.ကောင်လေးလက်မှာ
ဝတ်ထားတဲ့ သူမ ပစ္စည်းသိမ်း လက်စွပ်လေးက
အလိုလိုပျံသန်းကာ ပြန်လည်ရောက်ရှိလာတယ်။
စစ်ဆေးကြည့််ပြီး ဘာမှ မပျောက်ဆုံးဘူးဆိုတော့
မှ သူမ လက်မှာ ပြန်ဝတ်ထားလိုက်တယ်။သူမကို ငေးကြည့်နေတဲ့ ကောင်လေးကို
တစ်ချက်စိုက်ကြည့်ပြီးတဲ့နောက် ထိုနေရာကနေ
ချက်ချင်းပဲ လှည့်ထွက်လာတော့တယ်။သူမ လျှောက်နေတာ အနည်းငယ်ကြာတော့
နောက်ကနေ လိုက်လာတဲ့.ခြေလှမ်းတစ်ခုကို
သတိထားမိတယ်။ ကောင်လေး နောက်ကနေ
လိုက်လာတာပဲ။ကျူ းယောင်လည်း ဂရုမစိုက်ဘဲ မြို့ထဲကနေ
ထွက်လာတယ်။ သူမလို အရွယ်ရောက်သူအဖို့
ပုံမှန်ခြေလှမ်းဆိုပေမဲ့ကောင်လေးအဖို့တော့
ကလေးအရွယ်ရှိသေးတာမလို့ အတော်ကို
ခက်ခက်ခဲခဲလိုက်နေရတယ်။
သူမ မြို့ထဲက ထွက်လာကတည်းက ကောင်
လေးက သူမနဲ့ ခြေလှမ်းလေးငါးလှမ်းအကွာကနေ
အမြဲလိုက်တယ်။ ဝေးလည်းမသွားသလို
နီးလည်းမလာဘူး။
YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...