အခန်း(၇၆)ဘာမှမသိ ဘေးကပွဲကြည့်သူ

6.5K 910 63
                                    


ကျူ းယောင်လည်း ယွဲ့ယူ အသုံးပြုတဲ့ မောင်နှံ
နှစ်ဖော် ယှဉ်တွဲကျင့်ကြံခြင်း(ယွဲ့ယူ ဗားရှင်း)
ကို သတိရသွားတယ်။ ရှောင်ရီ ဒါကို သုံး
လိုက်တာများလား။ ယွဲ့ယူက နတ်ဝိဇ္ဇာ အဆင့်
မလို့ ရှောင်ရီထက် ကျင့်ကြံဆင့် နယ်ပယ်
တစ်ဆင့် ပိုမြင့်တယ် မလို့ ရှောင်ရီ ဒီယွဲ့ယူ
ဗားရှင်းနည်းကို သုံးပြီး သူ့ ကနဦး အဆင့်ငယ်
နှစ်ဆင့် တက်အောင် လုပ်လိုက်တာ ဖြစ်ရ
မယ်။

ဘာလို့ ရှောင်ရီ တစ်ယောက် ယွဲ့ယူနဲ့ ဒချိ
ဒချိ ရမယ့် အခွင့်ရေးတိုင်းကို လက်လွှတ်မခံ
လည်း ဆိုတာ အံ့ သြ ဖို့မလိုတော့ပါဘူး။
သူ့ဆရာ ကယ်ဖို့ကို တောင် နောက်ပို့ထားပြီး
တော့ ပေါ့။ ကြည့်ရတာတော့ သူ ရဲ့ ဒချိ လို
တဲ့ စိတ်ဆန္ဒ ထက်ကို ပိုတဲ့ အရာတွေက နောက်
မှာ ရှိနေတာကိုး။ ဒါဆို သူ ယွဲ့ယူ ပေါ် ထားတဲ့
ခံစားချက်တွေက အစစ်လား အတုလားဆိုတာ
တော့....


ကျူ းယောင်လည်း အဖြေကို တွက်ထုတ်လို့
မရတာမလို့ နည်းနည်း ခေါင်းကိုက်ချင်သလို
ဖြစ်သွားတယ်။ လူတစ်ယောက်ရဲ့ စိတ် နှလုံးသားဘယ်လို ရှိလဲဆိုတာ သူ မခန့်မှန်းတတ်ဘူး
။ ဒီအစား ဇယားကွက်တွေ ထိုင်တွက်တာကမှ
ပို ကောင်းလိမ့်ဦးမယ်။

သူလည်း တွက်ပြီးသွားပြီ မလို့ ကျီတန်ကို
ဖောင့် ပြောင်း ခိုင်းမလို့ ရှိသေး ဘန်းခနဲ
အသံကျယ်ကြီး တစ်ခု မြည်ဟီးသွားပြီး
ဆဌမဆင့် မှော်နက် သတ္တဝါ တစ်ကောင်ဟာ
ဘယ်က မှန်းမသိပေါ်လာပြီး ရှောင်ရီတို့ကို.ဝင်ခုန်
အုပ်တယ်။

ဘာမှမဟုတ်တဲ့ ဆဌမဆင့် အကောင်လေးက
သူတို့ ကို အန္တရာယ် မပြု နိုင်ဘူး။ ယွဲ့ယူ တို့
လည်း နောက်ကို အနည်းငယ်ဆုတ်လိုက်
တယ်။ ပြီးတော့.ယွဲ့ယူ့က လေဓားတစ်စင်းကို
ပစ်လွှတ်ပြီး ထို ရုပ်သေးရုပ် မှော်နက်သတ္တဝါ
ကို နှစ်ပိုင်း.ပိုင်းပစ်လိုက်တယ်။

''ချန်းကျီ နောက်ဆုံးတော့ မင်းကိုယ်မင်း
ကိုယ်ထင် ပြ ပြီ ပေါ့...''

ယွဲ့ ယူက အေးစက်စွာ ရယ်ရင်း ကောင်းကင်
ထက်က ဝဲနေတဲ့ အငွေ့မည်းတွေကို ကြည့်
တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora