အခန်း(၄၄)ဇာတ်ဆောင်အရှိန်ဝါကမင်းက်ိုညာနေတယ်

7.6K 938 136
                                    

44

ကျော်ကြားတဲ့ နတ်ဝိဇ္ဇာအောက်မှာ သင်ကြားရင်း ပုစ္ဆာဝှက်ကိုဖြေနိုင်လိုက်တဲ့ လူလိုပဲ သူ့ရဲ့ ကျင့်ကြံဆင့်တွေက အမြန်ပဲ မြင့်တက်လာခဲ့တယ်။

အဲ့လို အချိန်တွေမှာပဲ သူ့ဆီကို ဒုက္ခလာရှာဖို့ ကြိုးစားတဲ့ မိုက်ရူးရဲလူတစ်ချို့ကတော့ သူရဲ့ စွမ်းအား အောက်မှာ ကျရှုံးကုန်တယ်။မရည်ရွယ်ဘဲ စော်ကဲဖြစ်ဆိုတဲ့အတိုင်းပဲ သူဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဖြစ်လာခဲ့တယ်။

သူ့ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ ပိုတောင် အောင်မြင်မှှုတွေ ဖုံးလွှမ်းနေခဲ့တယ်။မိစ္ဆာတွေကို သတ်ဖြတ်နိုင်ခဲ့တယ်။မသမာတဲ့ ကျင့်ကြံသူတွေကို ဖယ်ရှားခဲ့တယ်။လျို့ှဝှက်နယ်မြေတွေကို အောင်နိုင်ခဲ့တယ်။

သူ ရှုံးနိမ့်မယ့် ပုံစံမျိုးဖြစ်လာတိုင်း အခြေနေတွေက ပြောင်းပြန်ဖြစ်သွားတတ်တယ်။သူရဲ့ ငုပ်လျိုှးနေ ထူးခြားတဲ့ စွမ်းရည်က ပေါ်ထွက်လာတာဖြစ်ဖြစ် တခြားသူရဲ့ အကူညီသုံးပြီး အနိုင်ယူတာပဲ ဖြစ်ဖြစ် သူမရှိဘဲ အသက်မရှင်နိုင်ရှာတဲ့ မိန်းကလေးတွေကို အချိန်မှီ
ကူကယ်ပေးခြင်းနဲ့ပဲ ဖြစ်ဖြစ် အခြေနေတွေကို ပြောင်းလဲစေတယ်။
ဒီလို အတွေ့ကြုံတွေကြောင့်ပဲ သူက ပိုပြီး အခွင့်အရေးတွေ ရလာခဲ့တယ်။

နောက်ဆုံးမှာတော့ သူဟာ မမျှော်လင့်ဘဲ သတ္ထု
ဝိညဉ်၊မီး ဝိညဉ်၊ ရေ ဝိညဉ်၊သစ်သား ဝိညဉ်၊မြေ ဝိညဉ် ငါးခုလုံးကို ရရှိသွားပြီး မိုးနဲ့မုန်တိုင်းတို့ရဲ့သခင် နဂါးကိုတောင် ဆင့်ခေါ်နိုင်စွမ်းရှိလာတယ်။

အော်...မှားသွားတယ်။သူ တစ်ကယ်တော့ နတ်ဘုရားနယ်ကို တက်လှမ်းသွားတော့တယ်။
ရှိသမျှ မိုးကြိုး ဝိညဉ်ကြော အပါအဝင် ထူးခြား
ဝိညဉ်ကြောမှန်သမျှကို တစ်ချက်ထဲနဲ့ အနိုင်ယူသွားခဲ့တယ်။နှစ်နှစ်ထောင်အတွင်း နတ်ဘုရားအဖြစ် တက်လှမ်းသွားတဲ့ အမြန်ဆုံးလူ ဖြစ်လာခဲ့တယ်။သူ့နောက်မှ ကျင့်ကြံသူတွေအားလုံးက နောင်အခါမှ သူ့ဖင်ပဲ မြင်နိုင်တော့တဲ့အထိ အလှမ်းကွာခဲ့တယ်။

ကျူ းယောင်လည်း ရှောင်ရီရဲ့ နောက်ပိုင်းဘဝကို မြင်တဲ့အခါမှာတော့ ဒီအိပ်မက်ကို အတော်ကို ပွစိပွစိ ပြောချင်လာတယ်။ ပထမပိုင်းမှာတော့ ရှောင်ရီက ကြိုးစားကျင့်ကြံပြီး အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ အားကျစရာ လူတစ်ယောက်ပဲ။နောက်ပိုင်းမှာတော့ သူရဲ့ကြိုးစားမှုတွေက မိန်းမတွေနဲ့ ပလူးဖို့ ကြိုးစားခြင်း ဖြစ်လာတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora