၂၄
နှစ် ၃၀ စာ အညစ်ကြေးတွေ စုဆောင်းထားတဲ့ သူမတစ်ယောက် နောက်ဆုံးတော့ အိမ်သာမှာ
တစ်ရက်လုံးထိုင်လိုက်ရတယ်။သူမ လက်ရှိအဆင့်က အခြေတည်အဆင့်ဆိုရင်တောင် ထွက်လာတော့ အားယဲ့ယဲ့ပဲ ရှိတော့တယ်။နံရံကို မှှီရင်း ကြည့်လိုက်တော့ လရော ကြယ်တွေရော စုံနေပြီ။သူမဆရာလည်း ပျောက်သွားပြီ။
နောက်ဆုံးကျန်တဲ့ အားညှစ်ထုတ်ပြီး တောင်ထိပ်က ရေကန်မှာရေသွားချိုးလိုက်တယ်။ပြီးတော့ သူမ အိပ်ခန်းဆီကို မနည်း လေးဖက်ထောက်ပြန်လာရတယ်။ဒီ ကိ်ုယ်ခန္ဓာ သန့်ရှင်းနည်းက သူမကို
အသေ သတ်ဖို့ နည်းနည်းပဲ လိုတော့တယ်။နောက်နေ့ကစပြီး အစားမစားတော့ဘူးလို့ သူမ လုံးဝ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်တယ်။
မျက်လုံးတွေ မှိတ်ရင်း သူမဒီနေ့ တစ်ခုခု မေ့နေသလို ခံစားရတယ်။ဘာပဲ ဖြစ်ဖြစ် အိပ်တော့မယ် ဟယ်။ကျူ းယောင် လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဘာဖြစ်မြောက်လဲဆိုတာ ပြောရရင်တော့ သူမ နတ်အမြူတေ အဆင့် အောက် အသုံးပြုနိုင်တဲ့ စိတ်တန်ခိုးပညာရပ်တွေ အားလုံးကို သဘောတရားအရ အကုန်သိနေခဲ့တာပါပဲ။ခေတ်သစ်မှာ စာသင်ခဲ့သူ မလို့
ဒီပညာရပ်တွေကို မှတ်မိအောင်လုပ်ရတာ သိပ်မခက်ဘူးရယ်။ပြီးတော့ ဘေးက ရှင်းပြပေးမယ့် သူ့ဆရာကလည်း ရှိတာကိုး။ခုလက်ရှိ သူမရဲ့ အခြေတည်ဆင့်နဲ့ဆို ပညာရပ်တွေကို
အတော် လွယ်လွယ်ကူကူ သုံးနိုင်တာ တွေ့ရတယ်။နည်းနည်းလောက် ကြိုးစားကြည့်လိုက်တာနဲ့ ကျွမ်းကျင်သွားတာကို တွေ့ရတယ်။နားမလည်ရင်လည်း ဘေးက ဆရာက နားလည်အောင် ရှင်းပြပေးနေတာမလို့ ၃ လလောက်ကြာတော့ သူမ အကုန် တတ်မြောက်သွားပြီ လို့ ဆိုလို့ ရတယ်။အဲတစ်ခုပဲ သူမ မတတ်သေးတာ။
ဓားပျံ စီးခြင်းပဲ။လေးမီတာတောင်မရှိတဲ့ အမြင့်ကနေ ပြုတ်ကျလာတဲ့ သူမကို ကြည့်ရင်း ယုယန် သက်ပြင်းချမိပြန်တယ်။
ကျူ းယောင်တော့ ငိုချင်လာတယ်။လဲကျနေရာက ကုန်းထပြီး ဘေးကပြုတ်ကျသွားတဲ့ ဓားပျံကို ကောက်လိုက်တယ်။
ဘယ်လောက်ပဲ သူမ အခြေတည်နောက်ဆုံးအဆင့်ဖြစ်နေပါစေ သူမ ဓားပျံ မစီး နိုင်ဘူး။သူမ အမြင့်ကြောက်တာကို မကျော်လွှားနိုင်ဘူးရယ်။
ВЫ ЧИТАЕТЕ
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Юморကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...