29
အကြည့်တွေအကုန်လုံးက အပြစ်တင်တာပါနေကြပြီး ဓားထက်ထက်တွေလိုပဲ။သူမတစ်ကိုယ်လုံးကို
ဆွဲဆုတ်ချင်နေကြတယ်။ကျူ းယောင်လည်း
ငိုချင်လာတယ်။ဘာလို့ အဲ့လိုကြီးတွေ ကြည့်နေကြတာလဲ။ 'မိတ်ဆွေဖြစ်ခြင်းက ပထမ ယှဉ်ပြိုင်မှုက ဒုတိယ'ဆိုတာတွေက ဘယ်ရောက်သွားကြပြီလဲဟင်။သူမလည်း တမင်သက်သက် ဝင်ပွဲဖျက်ရတာ မဟုတ်ရပါဘူး။သူမကိုယ် ဝိုင်းကြည့်နေတဲ့ အကြည့်တွေကြောင့် ပြိုလဲ မသွားခင်မှာဘဲ အရိပ်တစ်ခုက သူမနားရောက်လာတယ်။အဖြူရောင် အရိပ်တစ်ခု။
ကြောက်စရာကောင်းတဲ့ နတ်ဝိဇ္ဇာအရှိန်ဝါက
အရိပ်လေးမျက်နှာကို ပျံ့ နှံသွားတယ်။
အားလုံးလည်း အသံတိတ်ြခိမ်းခြောက်ခံလိုက်ရတာ မလို့..ချက်ချင်းပဲ မကျေမနပ်အကြည့်တွေ ရပ်သွားကြတယ်။''ဆရာ..''
သူမ ဆရာသခင်ပေါ့။သူမကို ဒီခါးသီးမှု ဒုက္ခတွေကနေ ကယ်တင်ပေးတဲ့ သူမ ဆရာပေါ့။ယုယန်မျက်နှာက အရင်လိုအေးစက်မြဲပဲ။ပြီးတော့ သူမကို တစ်ချက်ကြည့်တယ်။
''မှောင်လာပြီ''သူ့လက်ဝတ်ရုံကို တစ်ချက်ခါလိုက်ပြီး သူ့တပည့်ကို ခေါ်ကာ ကျောက်စိမ်းသစ်တောတောင်ဆီကို ပျံသန်းသွားတော့တယ်။ဘေးက ပရိသတ်ထုကြီးက ဘာမှ ပြောချိန်တောင် မရလိုက်ဘူး။
ဇီမိုလည်း လူနှစ်ယောက်ပျောက်သွားတဲ့တောင်ဘက်ကို ကြည့်ရင်း သူ့နဖူးက ချွေးစီးတွေ ကျလာပြန်တယ်။ဆရာဦလေး ကိုယ့်တပည့်ကို လူမှုရေး ခံစားချက်နဲ့ ကာကွယ်သွားတယ်။ပြီးတော့ ဒီအရှုပ်ကို ရှင်းဖို့ သူ့ကို ထားခဲ့တယ်။တကယ်ပဲ လူရော ဟုတ်သေးလား ဆရာဦးလေး!!
သက်မချရင်း ဇီမိုလည်း အသိပြန်ဝင်လာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူက သူများဖွသမျှကို နောက်ကနေ ရှင်းပေးရတာ ကျွမ်းကျင်တဲ့ ဂိုဏ်းချုပ်ကြီးပဲ မလား!'''အဟမ်း..ရှောင်ရီက ခုပွဲရဲ့ အနိုင်ရရှိသူ ဖြစ်တယ်..ပြီးတော့..ချီ အဆင့် ပွဲမှာ ပထမရရှိသွားပါတယ်''
ဒီလို လည်း.ပြောလိုက်မှ လူအုပ်ကြားဆွေးနွေးနေတာတွေ ရပ်တန့်သွားတော့တယ်။ရှောင်ရီလည်း.ကပြောင်းကပြန်စီးပြီး အန်ခါနီး သွေးတွေကို မျိုချရင်း အတင်း မတ်တပ်ရပ်ကာ အရိုသေပေးလိုက်တယ်။
YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...