အခန်း(၄၅)သူ့ရဲ့မမြင်ရတဲ့အခွင့်ရေး

8.3K 863 151
                                    

45

နောက်ပိုင်းမှာတော့ နှစ်ယောက်သား.သူငယ်ချင်းတွေ ဖြစ်လာကြတယ်။သူမ ဂိမ်း ကုမ္ပဏီမှာ
ဝင်လုပ်ပြီး နည်းပညာပိုင်းဆိုင်ရာမှာ အဓိက အလုပ်လုပ်ရတော့ သူလည်း လိုက်လာပြီး ဂိမ်းကို
ဖျက်ဆီးမယ့်အကောင်တွေနဲ့ပက်သက်လို့ ထောက်ပြပေးတယ်။သူမကတော့ ပြင်ရတယ်။သူမကတော့ ဝိညာဉ်နယ်မြေက ပရော်ဖက်ရှင်နယ် ဂိမ်မာ သို့မဟုတ် ဂိမ်းဒီဇိုင်နာ လို့တွေးမိခဲ့တယ်။သူရဲ့ ကျွမ်းကျင်တဲ့.ခုလို စကေးတွေကြောင့်လည်း ပါတာပေါ့။

သို့ပေမဲ့ နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် QQကနေတစ်ဆင့်ပဲ စကားပြောဖူးကြတယ်။အပြင်မှာ မျက်နှာချင်းဆိုင် မတွေ့ဖူးကြဘူး။

ခုလို ပြန်သတိရတော့ သူမမှာ မေးစရာတွေးစရာတွေ တစ်ပုံတစ်ပင် ဖြစ်လာတယ်။တစ်ခါက သူ့ကို ဂိမ်းဌာနမှာ အလုပ်ဝင်ဖို့ တိုက်တွန်းခဲ့တယ်။သို့ပေမဲ့ သူက ကမ်းလှမ်းချက်ကို ငြင်းတယ်။ဘာလို့လဲဆိုတော့ သူ လုပ်လို့မရလို့ ပါတဲ့။

သူမလုပ်ချင်တာမဟုတ်သလို မစဉ်းစားတာလည်း မဟုတ်ဘူးတဲ့။သူ လုပ်လို့မရတာပါတဲ့။

သူမ သူ့ရဲ့ အဖျက်ကောင်တွေ ကူပြင်ပေးမယ်လို့လည်း ကတိပေးလိုက်ရော သူမ တခြား ကမ္ဘာကူးပြောင်းပြီး ရွာငယ်လေးမှာ ရောက်နေခဲ့ပြီ။ဝိညာဉ်နယ်မြေက ဒီလောကရဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ထူးတစ်ယောက် ဖြစ်မယ်လို့ သူမ သံသယရှိနေတယ်။

ရှောင်ရီ့နား ဖြစ်နေတဲ့ စာတန်းတွေ အာမေဋိတ်အမှတ်သားတွေ အားလုံးက ရှောင်ရီက အဖျက်ကောင်ပါလို့ သူမကို.ပြောနေတာပဲ!သူမ သေချာ စဉ်းစားမိတယ်။အိပ်မက်က ရက်စက်ပေမဲ့လို့ အဖြစ်ပျက်တွေ အကုန်လုံးက ခု ရှောင်ရီမှာ ဖြစ်နေတာတွေနဲ့ တစ်ပုံစံတည်းပဲ။သူမ ထင်တာ မမှားရင်ခု ရှောင်ရီက နတ်အမြူတေ ကနဦးဆင့်မှာ.မဟုတ်ဘဲ အလယ်လတ်ဆင့်မှာ ရောက်နေပြီ။
မကြာခင် ပြည့်စုံခြင်းအဆင့် ကိုရောက်တော့မှာပဲ။

သူမက ခုမှ အခြေတည်အဆင့်လေးရှိသေးတာ
ဘယ်လိုလုပ် သူ့ကို တိုက်နိုင်မှာလဲ!သူမ အတော် လန့်လာတယ်။ တခြား ကမ္ဘာရောက်ပြီးတော့ မင်းက အဓိကဇာတ်ဆောင်ရဲ့ ဆန့်ကျင်ဘက်နေရာရသွားတာကို သိသွားရတာလောက် ကြောက်စရာ ကောင်းတာဘယ်မှာ ရှိတော့လို့လဲ!!

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora