၅၃
ဒုတိယမ္မိ..စောက်သုံးမကျတဲ့ အဖွဲ့ဝင်...
''ငါတို့ ....ငါတို့....သူ့ကို...မနိုင် .နိုင်ဘူး...´´
သူတို့ အုပ်စုထဲလည်း နောက်ပြန်ဆုတ်ပြေးချင်သူတွေက ရှိနေပြီ။ အမျိုးသမီး ဂိုဏ်းသူနှစ်ယောက် ဓားပျံတွေ ဆင့်ခေါ်ပြီး ထွက်ပြေးကြတယ်။
'' မပြေးကြနဲ့´´
ချန်းရီ တားပေမဲ့ အချိန်မှီ မတားလိုက်နိုင်ဘူး။
အကောင်ကြီးက တစ်ချက်ခုန်ပြီး ပျောက်ကွယ်
သွားပြန်တယ်။ခဏပဲ ရှိသေးတယ် အကောင်ကြီးက ပြေးသွားတဲ့ ဂိုဏ်းသူ နှစ်ယောက်ရှေ့ ပေါ်လာပြီး မီးတောက်တစ်ခု ဟပ်ထုတ်လိုက်တယ်။ထိုနှစ်ယောက်လည်း အော်ချိန်တောင် မရလိုက်ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားပြန်တယ်။
ကြည့်ရတာ ဒီမေမေအကောင်ကြီးက တစ်ကယ်ကို ဒေါသအိုး ပေါက်ကွဲသွားပုံရတယ်။ဒီမှာ ရှိတဲ့ ဘယ်သူ့ကိုမှ အလွတ်ပေးမယ့်ပုံမပေါ်ဘူး။ကျူ းယောင်လည်း လက်သီးဆုပ်မိရင်း ရင်ထဲက အကြောက်တရားကို ချိုးနှမ်ဖို့ ကြိုးစားတယ်။
အကောင်ကြီး မီးဟပ်တဲ့ အပေါက်ကိုကနေတစ်ဆင့် နွယ်ပင်တွေ အများပြား ဖန်တီးကာ
သူ့ရဲ့ ခြေလက်လေးခုကို ချုပ်နှောင်လိုက်တယ်။
အကောင်ကြီးလည်း မထင်မှတ်ထားတာမလို့
မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။''အခု´´
ကျူ းယောင်လည်း ကျယ်လောင်စွာ အော်လိုက်တယ်။
''သူ နောက်တစ်နေရာကို ရုပ်ရွေ့ပြောင်းခွင့် မပေးနဲ့တော့....´´
စောစောက ဆယ်ယောက်ပါတဲ့ အုပ်စုလေးက ခုတော့ ကျူ းယောင်၊ဝမ်ရှုဟိုင်၊ရှောင်ရီ၊လုချာနဲ့ ဒဏ်ရာရ ဖက်တီးကျူ းပဲ ရှိတော့တယ်။
စောစောက အကောင်ကြီးပြေးသွားတဲ့ နှစ်ကြိမ်လုံးက အလွန် လျင်မြန်လွန်းတယ်။မသိရင် ပြေးသွားတယ်ထင်ရပေမဲ့ ကျူ းယောင်ကတော့ ဒီကောင်ပြေးသွားတဲ့ အမူရာ လုံးဝ မရှိတာကို တွေ့လိုက်ရတယ်။သူရဲ့ ပြေးတဲ့ အရှိန်က မြန်တာမဟုတ်ဘဲ ခရီးသွားပစ္စည်းတွေလို ရုပ်ရွေ့ပြောင်းနိုင်တာဖြစ်တယ်။
VOCÊ ESTÁ LENDO
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...