အခန်း(၉၅)မျှော်လင့်တာနဲ့တခြားစီ

6.9K 1K 98
                                    


(Thanks to Shwelawon for cover photo)

ကျူးယောင်းလည်း မျက်စိပွင့်ပွင့်ချင်းမှာပဲ နှုတ်လန်ထိုးချင်လာတယ်။ဘယ်လိုတောင် ယုတ္တိမရှိတဲ့ လက်စားချေနည်းကြီးလဲ။ အရင်ဘဝတုန်းက နင်ကငါ့ထပ် ယောက်ျားများတယ်။ ဒါကြောင့် ခုဘဝမှာ ငါနင့်ယောက်ျားတွေ အားလုံးကို ရအောင်လုမယ် ဆိုတာမျိုး။ ဒီလိုမျိုး အကြံအစည်ကြီးက နည်းနည်းတော့ များပြီလေ။

နင့်မှာ ယောက်ျားမရှိရင် မနေနိုင်ဘူးလား။ ယောက်ျားတွေကို ပိုပြီး အမြင်ကောင်းကောင်းလေးနဲ့ ကြည့်လို့မရဘူးလား။ စိတ်သဘောထားကြီးပေးလို့ မရဘူးလား။ စောင်ဇာတ်ကောင်မ စိတ်ဓာတ်ကိုက။ နင်
ကမ္ဘာကြီးကို ဖျက်ဆီးတာကမှ ခံသာသေးတယ်။ ပြီးတော့ မုမေ့ယန် လူပြန်ဝင်စားတော့ ပထမဆုံးပြောတဲ့စကားက ဘာတဲ့ "ဒီဘဝမှာ
ယောက်ျားအားလုံး ငါ့ ဟိုဝှာ အောက်မှာ ဝပ်နေစေမယ်တဲ့။"

မပြောချင်ပေမယ့် ညစ်ညစ်ပတ်ပတ်က ပြောရဦးမယ်။

နင့် ဟိုဝှာက ဘယ်လောက်တောင် ကြီးနေလို့လဲ။

အာ...အဟမ်း...ခဏလောက် ရိုင်းမိသွားပါတယ်နော်။

ကိုယ်က အပြစ်ကင်း နူးညံ့သိမ်မွေ့သူလေး ဟာကို။ စိတ်ထိန်း၊ စိတ်ထိန်း၊ ကိုယ်က မရိုင်းတတ်ဘူး။

နောက်ဆုံးမှာတော့ ဘာကြောင့် မုန်လာဥလေး နဖူးပေါ်က
"အဖျက်ကောင်" စကားလုံးက ဘာလို့ တအား မှိန်နေလဲ ဆိုတာ သဘောပေါက်သွားတော့တယ်။ မုန်လာဥလေးက "အဖျက်ကောင်" အစစ်မှ မဟုတ်တာ။ "အဖျက်ကောင်" ဝင်လာဖို့ အခွံ သက်သက်ဖြစ်တယ်။ မုန်လာဥလေး အသက် (၂၀) ပြည့် တဲ့နေ့က "အဖျက်ကောင်"
လူပြန်ဝင်စားမယ့်နေ့ဘဲ။ ထိုအခါမှ တစ်ကယ့်ပွဲကလာမှာ။

မဖြစ်ဘူး။ ငါ ဒါကို သေချာပေါက်တားမယ်။
ဟားဟား... ထင်တဲ့အတိုင်းပဲ။ တပည့်တွေက ကြီးလာလေ လေးစားသမှု့ မရှိလေဘဲ။ ဒါကြောင့်ပြောတာ ကြီးလာတဲ့ တပည့်တွေကို အိမ်မှာမခေါ်ထား သင့်ဘူးလို့။ မုန်လာဥလေးက အရင်ကဆို ပြောလို့ ဆိုလို့ ကောင်းတယ်။ ခုတော့ ကြီးချဉ်လေး ဖြစ်လာပြီ။ ကျူးယောင်း တစ်ခုခု လုပ်တော့မယ် ဆိုရင်ကို မုန်လာဥလေး အရိပ်အခြေကြည့်ပြီး သိနှင့်နေပြီ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Tempat cerita menjadi hidup. Temukan sekarang