Unicode
ကျောက်စိမ်းဆွဲပြားလေးက အရောင်
တောက်ပလို့လာတယ်။ ခဏကြာတော့
ပရိုဂျက်တာထိုးလိုက်သလိုပဲ မျက်နှာထာအေးစက်စက်ဖြင့် သူ့ဆရာယုယန် အငယ်
စားလေး တစ်ယောက်၏ ပုံရိပ်ယောင်
ထွက်ပေါ် လာတယ်။
အားမရှိသလို လဲလျောင်းနေသော တပည့်
ဖြစ်သူကို မြင်ရတော့ ယုယန်လက်က
ခေါင်းကို ပွတ်သပ်ဖို့ကြိုးစားလိုက်ပေမဲ့လည်း
သူထိမိတာ လေဟာနယ်သက်သက်။
သူ့အသံလည်း အနည်းငယ်ပျော့ပြောင်း
သွားတယ်။'' ဘာဖြစ်လို့လဲ '"
ကျူးယောင်လည်း နှုတ်ခမ်းတွေ တွန့်ကွေး
လိုက်တယ်။'' တပည့် အသည်းကွဲနေရပြီ ''
ယုယန်မျက်နှာကြီးက မည်းတက်လာတယ်။
ပျော့ပြောင်းနေသော အမူရာကနေ ချက်ချင်း
မာထန်လာတယ်။ ရေခဲတမျှ အေးစက်မှု
တွေတောင် ပိုတိုးလို့လာတယ်။
အသည်းကွဲရတာ ဟုတ်စ။
သု့တပည့်က တစ်ယောက်ယောက်ကို
ချစ်ခင်နေပြီဆိုတဲ့ သဘောလား။သူ့ရေခဲ့တမျှ အေးစက်မှုတွေက ဝန်းကျင်
တစ်ခုလုံး ပျံ့နှံ့သွားတယ်။ကျူးယောင်လည်း တုန်လှုပ်သွားတယ်။
ဆရာ ဘယ်တုန်းက ဒီလောက် ကြောက်စရာ
ကောင်းလာရတာလဲ။'' တပည့် လေးအကြောင်းပြောနေတာပါ
ဆရာ ကူညီပြီး တောင်ပေါ် ခေါ် လာပေးခဲ့တဲ့
တပည့် ကောင်မလေးလေး
ဆရာ့ မြေးတပည့်ဆိုပါတော့''ယုယန်ရဲ့ အမူရာက ခဏရပ်တန့်သွားပြီးမှ
အေးစက်နေသော ပတ်ဝန်းကျင်ဟာ ယခင်
လိုပြန်တည်ငြိမ်သွားတယ်။ သိပ်စိတ်မဝင်
စားသော အမူရာဖြင့် အင်းလို့ သာ ဖြေတယ်။
မြေးတပည့်နေနေ ဘာနေနေ တပည့်ဖြစ်သူ ကျူးယောင်ကလွဲရင် ကျန်တာ သူနဲ့ဘာမှ
မဆိုင်သလိုပင်။'' အစတုန်းက တပည့် ကလေးတစ်ယောက်
ကို ကယ်တင်ခဲ့မိတယ် သူနဲ့ ယုလော်က
အချင်းချင်းနှစ်သက်နေကြတာ တွေ့တော့
ယုလော်ကို သူ့လက်ထဲ ယုံယုံကြည်ကြည်
အပ်ခဲ့မိတယ် ''ကျူးယောင်လည်း အရင်ကကိစ္စြတွပေန်
မြင်ယောင်ရင်း ထိုစဉ်က သူ အလျင်စနို
နိုင်သွားခဲ့တယ်လို့ ခံစားရတယ်။
သူတို့ ချစ်ရေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ
သူ ကိုယ်တ်ိုင် စောင့်ကြပ်ကြည့်ရှုနိုင်မယ်
လို့ ထင်ခဲ့မိတယ်။မထင်မှတ်ထားတာက
ဒီလို သဘောတူ ထည့်ပေးလိုက်ပြီးမှ
နှစ်တစ်ထောင်ဟာ ဖျတ်ခနဲ ကုန်လွန်သွား
ခဲ့တာ။

KAMU SEDANG MEMBACA
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...