(Btw...cmt တွေ reply မပြန်ရင် စိတ်မရှိပါနဲ့
အားရင် အားလုံးကို တစ်ယောက်ချင်း ပြန်ပါ့မယ်😁)''ယုဝမ်''
''နင့်အစ်မကို စိတ်ဆန္ဒ မှည့်''
''တော်သေးတယ် မှန်သွားတယ်''
ယုယန်က သက်ပြင်းချတယ်။
ကျူ းယောင်မျက်နှာကြီးမှာ ပုပ်သိုးသွားတယ်။တပည့်ကို စစ်ဖို့ ဒီလိုနာမည်ကြီး ထုတ်ခေါ်ဖို့ လိုလား။
''ပြန်ကြစို့''
ယုယန်သက်ပြင်းချတယ်။ပြီးတော့ သူ့တပည့်လက်ကို ဆွဲရင်း ကောင်းကင်ကို ပျံတက်သွားတယ်။ခဏတွင်းချင်းပဲ သူတို့ ကျောက်စိမ်းသစ်တောတောင်ကို ပြန်ရောက်လာကြတယ်။
သူ့တပည့်ရဲ့ သွင်ပြင်သစ် ကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း ဘယ်လိုပဲစဉ်းစားပါစေ သူ လက်မခံနိုင်ဘူး ဖြစ်နေတယ်။
သူမ တစ်ကယ်ပဲ ယောကျာ်းဖြစ်သွားရတယ်လို့။
ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ အကျိတ်ခဲလေးဖြစ်နေမိတယ်။''ဘာကိစ္စ.မင်း ဒီလို ဖြစ်သွားရတာလဲ''
ကျူ းယောင်လည်း ခေါင်းရမ်းတယ်။
''တပည့်လည်း မသိဘူး...ပျက်သုန်းမြေထဲ ပြုတက်ကျသွားပြီး နိုးလာတော့ ဒီလို ဖြစ်သွားတာပဲ''
ဆရာ ကျွန်မတို့နှစ်ယောက် မိန်းကလေးသူငယ်ချင်းကောင်းလေးတွေ ဆက်မဖြစ်နိုင်တော့
ဘူးပေါ့နော်။ဆရာများ ဂေးသူငယ်ချင်း တစ်ယောက်လိုချင်မလားဆိုတာ သိချင်လာပြီနော်။''ပျက်သုန်းမြေ''
ယုယန် မျက်မှောင်ကြုတ်သွားတယ်။ လျှိုဝှက်နယ်မြေထဲမှာ ဖြစ်သွားတာတွေ ပြန်စဉ်းစားရင်း ထိန်းမရအောင် ဒေါသထွက်လာတယ်။သူကိုယ်က ထုတ်လွှတ်နေတဲ့ အအေးဒီဂရီက တရိပ်ရိပ်နဲ့။
ကျောရိုးတစ်လျှောက်လုံး စိမ့်အေးသွားသလို ကျူ းယောင်ခံစားလိုက်ရတယ်။ဆရာ့ပုံစံက သိပ်ကြောက်ဖို့.ကောင်းတာပဲ ဆရာပေါက်မထွက်သွားလောက်ပါဘူးနော်။တိတ်တိတ်လေး နောက်တစ်လှမ်း ဆုတ်မိတယ်။
နောက်ထပ်တစ်လှမ်းဆုတ်....
''ဆရာ စကားကို နားမထောင် ကိုယ့်ဘာသာ ဆုံးဖြတ်လုပ်ဆောင်တာ မင်းကို အပြစ်ပေးသင့်တယ်''
BẠN ĐANG ĐỌC
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Hài hướcကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...