အခန်း(၁၂)​နောက်ကျနေတဲ့အန်တီ

8.1K 1K 100
                                    

၁၂

၁၀ မိနစ်လောက်လည်း ကြာရော ဝါးအိမ်လေးရှေ့က ကျောက်စားပွဲမှာ ဟင်းခွက်ငါးခွက် ရှိနေပြီ။

အသီးရွက်လေးခွက်နဲ့ စွပ်ပြုတ်တစ်ခွက်။ဟင်းရနံ့လေးတွေက သင်းနေတာပဲ။ကျူ းယောင် တစ်ယောက် အံသြလို့ မပြီးသေးဘူး။သူမရှေ့က နတ်ဝိဇ္ဇာနဲ့ မတူတဲ့ အိမ်ရှင်ထီး စားဖိုမှူး သူမဆရာကို ငေးကြည့်ရင်းပေါ့။

''စား ''

ယုယန်က က ဘာမှ မထူးဆန်းသလိုပြောတယ်။သူမရှေ့မှာ ဝင်ထိုင်ပြီး ထမင်းတစ်ပန်းကန် ခူးခပ်ပေးတယ်။ပြီးတော့ သူမစားဖို့ အချက်ပြတယ်။

(TN:သိတယ်မလား😁 တရုတ်တွေက ထမင်းပန်ကန်အလုံးသေးသေးလေးတွေနဲ့စားတာ)

ကျူ းယောင်စိတ်ထဲမှာတော့ အာမေဍိတ်သင်္ကေတတွေ တပြုံကြီးနဲ့ သိချင်နေတယ်။ ထမင်းပန်းကန်လုံးကို လှမ်းယူရင်း မေးလိုက်တယ်။

''ဆရာက ဘယ်လို ချက်ရမယ်ဆိုတာသိတယ်ပေါ့''

ယုယန်က သူမကို တူ ကမ်းပေးတယ်။ခဏရပ်လိုက်ပြီးမှ ဖြေတယ်။

'' ဆရာအဘိုးက သင်ပေးတာ''

(TN:ယုယန်ဆရာ..ကျူးယောင်အတွက် ဆရာအဘိုး)

အော် စွမ်းရည်တွေ လက်ဆင့်ကမ်းတာပဲကိုး။သူမ သုံးပန်ကန်လုံးလောက် စားပြီးတဲ့နောက် ဗိုက်ပြည့့်နေပြီ။တူတွေ ချထားလိုက်တယ်။သူ ဗိုက်တအား ပြည့်နေပြီ။ ပြီးတော့ ခုမှ သေရွာကနေ ပြန်လာရသလိုတောင် ခံစားနေရတယ်။

တစ်လျှောက်လုံး ယုယန်က သူမနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေပြီး သူမစားတာကိုပဲ ကြည့်နေတယ်။သူမလည်း တူချရော သူက ချက်ချင်းပဲ ပန်းကန်တွေကို စားပွဲပေါ်က ရှင်းလိုက်တယ်။ကျန်တဲ့ အသီးနှံတွေကိုလည်း မီးဖိုချောင်ထဲထည့်ုပြီး သပ်သပ်ရပ်ရပ် သိမ်းထားလိုက်တယ်။

ကျူ းယောင်က တော့ သူမဆရာကို တလက်လက်တောက်ပနေတဲ့(ဘလင်းဘလင်းထနေတဲ့)အမြင်နဲ့ ကြည့်ပြီး သူမဆရာ နဖူးမှာ
စကားလုံးနှစ်လုံးသွားရေးပေးလိုက်ချင်တော့တာပဲ။

'တာဝန်ကျေပွန်တဲ့ ခင်ပွန်းကောင်း'ဆိုပြီးလေ ဟိဟိ။

သူမဆရာက တစ်ကယ့်ကို ဘက်စုံထူးချွန် လူသားပဲလို့!!
ယုယန်က ကျူ းယောင်ရဲ့ အမူရာကို ကြည့်နေတယ်။သူမခုထိကို ချီ စွမ်းအင်ကို မခံစားမိသေးဘူး။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now