သူမဆရာက သူမကို တစ်ကယ်ကို ကောင်းကောင်းဆက်ဆံပေမယ့်လို ခေါင်းအလွန်မာတဲ့သူ လည်း ဖြစ်တယ်။အရင်ငါးနှစ်တုန်းက သူမကို တောင်ပေါ်က ပေးမဆငိးဘူးလို့ ဆုံးဖြတ်လိုက်တော့ သူမကို
လုံးဝပေးမဆင်းဘူးရယ်။တကယ်ကို ကတိတည်တယ်။သူမဘယ်လိုပဲ စိတ်ဆိုးစိတ်ကောက်
ဆန္ဒပြပြ ဘယ်လိုပဲ အတည်ပေါက်ပြောပြော
ဘယ်လိုပြောတောင်းပန်ပန် ပေးမဆင်းတော့ဘူး။
ပြီးတခုခုလုပ်လိုက်ပုံရတယ် တောင်ကို လာတဲ့ တပည့် အတော်နည်းသွားတယ်။အရေးကြီးရင်တောင်မှ ကြိုးကြာစက္ကူ ပျံ ပဲ သုံးပြီး ပို့ကြရတော့တယ်။ကောင်စုတ်လေးတောင် သူမကို မေ့သွားပုံပဲ။ကြားထဲ လာ တဲ့ စာတိုလေးတွေကလွဲလို့ လုံးဝ သူမကို လာမရှာဘူး။အတော်ကို မသိတတ်တဲ့ ကလေး။နောက်တစ်ခါတွေ့မှ ရိုက်ပစ်လိုက်မယ်။
လကို ကြည့်ရင်း သူမစိတ်ဓာတ်ကျနေတယ်။ကောင်းကင်မှာလည်း သူမကို လာခေါ်လေ့ရှိတဲ့ကြိုးကြာ
အချို့ ပျံဝဲနေတယ်။ငှက်ဝဝ တစ်ကောင်က ပျံသန်းရင်း တစ်စုံတစ်ခုနဲ့ တိုက်မိပုံပဲ ပြုတ်ကျလာတယ်။
လူမမြင်ရတာ ကြာပြီ ဖြစ်တဲ့ ကျူးယောင်လည် ဘယ်သူလဲသိချင်လို့ ပြေးထွက်ပြိး ကြည့်လိုက်တယ်။အဲ့လူက ခြေထောက်နာသွားပြီး
မြေပေါ်မှာ လဲနေတယ်။ဘေးက တစ်ရပ်ကျော် မြင့်တဲ့ ကြိုးကြားက ဆိတ်ဖို့ ကြိုးစားနေတယ်။''တော်တေ်ာ့..ရပ်တော့..မဟုတ်ရင် ရိုက်မိမယ်နော်´´
ထိုကောင်လေးက ဂိုဏ်းဝတ်စုံ အဖြူရောင်ဝတ်ထားပြီး ငှကိဆိတ်တာကို ကာကွယ်နေရတယ်။''ငှက်ငတုံး တော်တော့´´သူမ အော်လိုက်မှ ငှက်က ရပ်တယ်။အတောင်ပံတွေဖြန့်ရင်း သူမကို
ကျူ းကျော်လာသူ ရှိကြောင်း သူဖမ်းမိကြောင်း ကြွားဝါနေတယ်။ငှက်လည်ပင်းကို ပွတ်သပ်ပေးရင်း လဲနေတဲ့ လူငယ်ကို ကြည့်လိုက်တယ်။ကြိုးကြာက သိပ်အဆင့်မြင့်တဲ့ မှော်သတ္တဝါ မဟုတ်လို့ ချီစွမ်းအင် အဆင့်လူဆိုရင်ကို ကိုင်တွယ်နိုင်တယ်။ကြည့်ရတာ ဒီလူက ဘာမှ မလုပ်ဘဲ ခုခံရုံကြည့်ရင် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတဲ့ ပူံမပေါက်ဘူး။
''ဇနီးလောင်း´´
ကောင်လေး အော်ရင်း သူ့ဆီပြေးလာတယ်။အဲ့ကျမှ ကောင်စုတ်လေးမှန်းသူမသိလိုက်တယ်။
ESTÁS LEYENDO
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...