အခန်​pး(၃၈)....အပိုင်း..၂..

7.3K 1K 31
                                    

ကျူ းယောင်လည်း လေးလလုံးနီးပါး ဝက်တစ်ကောင်လိုပဲ စားလိုက်အိပ်လို်က်ပဲ အချိန်ကုန်နေခဲ့တယ်။

ဟွန်ချူ းက သူ့ဆီတစ်ခေါက်လာလည်ရင်းနဲ့ နို့တိုက်စရာမလည်တော့ကြောင်း ပြောပြတယ်။ပြီးသူမမှာ သွားလည်း ပေါက်နေပြီမလို့ သူမဆရာက ဆန်ပြုတ်ပဲ တိုက်တော့တယ်။စကားလည်း တစ်လုံးနှစ်လုံး ပြောတတ်နေပြီ။စာကြောင်းအပြည့်စုံတော့
မပြောနိုင်သေးဘူး။

ဒီလို အခြေနေမျို ုးမှာ ကျူ းယောင်လည်း သူ့ကိုယ်သူတစ်ကယ်ပဲ စိတ်ပူနေမိတယ်။စကားလည်း မပြောနိုင်သေး
လမ်းလည်း
မလျှောက်နိုင်သေး
ကျွေးတဲ့ ဆန်ပြုတ်ပဲ ထိုင်စားနဲ့
သူမရဲ့ ၃၃ နှစ်
အသိဉာဏ်နဲ့ ယှဉ်ရင် တစ်ကယ်က်ု့ိ မသန်မစွမ်း
အကြီးစားဖြစ်နေသလိုပဲ။သူမ အရင်လို တရားလည်း ပြန်ကျင့်ချင်တယ်။သို့ပေမဲ့ သူ့ဆရာကတော့ သူ့ကို တပည့်အဖြစ် လက်ခံဖို့ ခေါ်လာတဲ့ ရည်ရွယ်ချက်တောင် မေ့နေပြီး သမီးတစ်ယောက်ကို ပျိုးထောင်ရတဲ့ ကျေနပ်ခြင်းတွေမှာ စုံးစုံးမြှုပ်နေလေရဲ့။

ကျူ းယောင်လည်း သူမ ခန္ဓာကိုယ်က အတော်ထူးဆန်းနေတယ်လို့ ခံစားရတယ်။
သူမ မှာ ဘာချီ မှ မရှိပေမဲ့လို့ သူ့စိတ်အာရုံခံစားနိုင်မှုက အရင်က
အခြေတည်ဆင့်တုန်းကလိုပဲ အကုန်ရှင်းရှင်း
လင်းလင်းကြားနေရတယ်။သူ မ ဟိူဘက်နေ့က
ဝမ်ရှုဟိုင်ကို စတွေ့တုန်း တစ်ချက်ထဲ ကြည့်ပြီးကို ကောင်စုတ်လေး အခြေတည်နောက်ဆုံးဆင့်ရောက်နေတာကို မြင်နိုင်တယ်။ဘာလို့ မြင်နိုင်လဲဆိုတာ သူမဘာသာလည်း မသိတော့ဘူး။

ဝမ်ရှုဟိုင်လည်း သူမကို ခဏခဏ လာတွေ့ပေမဲ့လို့ တောင်ပေါ်တက်မလာဘူး။တောထဲက ကျောက်တုံးလေးပေါ်မှာပဲ ထိုင်နေတတ်တယ်။

လာတိုင်းပဲ သူမအတွက် အစားသောက်မုန့်တွေ နဲ့ အရုပ်တွေ ဝယ်လာတယ်။သူပုံစံက ကလေးတစ်ယောက်ကို လာချော့တဲ့ပုံစံမျိုး။ကျူ းယောင်ကတော့ သူမစကားပြန်ပြောနိုင်တဲ့ အချိန်ကျရင် သေချာပေါက် ပြန် လှောင်ဖို့ ပြင်ဆင်ထားလိုက်တယ်။

ယုယန်ကတော့ အတိလင်းပဲ ကောင်စုတ်လေးလာတာကို ကန့်ကွက်ပေမဲ့ သူ့တပည့် မုန့်လုံးလေးက အဲ့အကျင့်မကောင်းတဲ့ ကောင်လေးကို အတော်ချစ်ပုံပဲ။ယုယန် ထိုကောင်လေးကို ခေါ်လာတိုင်း သူ့တပည့်က လက်ထဲရှိတာနဲ့ သူ့ကို
ကောက်ပေါက်လေ့ ရှိတယ်။အဲ့အချိန် သူ့တပည့်လေးရဲ့စိတ်က အတော်ဆိုးတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Onde histórias criam vida. Descubra agora