38
''မင်းက ကျောက်စိမ်းသစ်တောတောင်မှာ
နေတာ''
ဝမ်ရှုဟိုင်လည်း လန့်သွားပြီး ခဏနေတော့မှ
ပုံမှန်အမူရာ ပြန်ဖြစ်သွားတယ်။
''ဆရာဦးလေးက မကြာသေးခင်က တပည့်အသစ်ခေါ်လာတယ်လို့ ဆရာ့ ဆီက ကြားတာ အမှန်ပဲကို..''စောစောကမှ ဝမ်ရှုဟိုင်ပျော်နေသေးတယ် ခုတော့ သူ မျက်နှာက တည်သွားတယ်။သူန့ဖူးကြောတွေလည်း တွန့်နေပြီး စိတ်ပျက်မှုကို ပြနေသလို သူ့အသံကလည်း ထိန်းချုပ်ထားရလို့ တိုးတိမ်နေတယ်။
''မင်းက သူရဲ့ တပည့်သစ်ပေါ့ မင်း သိလား
အကိုက မင်းရဲ့ ဂိုဏ်းတူ အစ်မကို သိတယ်
အကိုတို့ အတော့် ကို ..အတော့်ကိုပဲ ရင်းနှီးတယ်''မေ့ပျောက်နေတာ ကြာပြီဖြစ်တဲ့ခံစားချက်တစ်ခုကို ပြန်ပြော နေသလိုပဲ သူ့အသံက တဖြည်းဖြည်း ပျော့ပြောင်းလာတယ်။ကျူ းယောင်လည်း သူ့နလုံးသားမှာ ပိုလေးလံလာသိလို ခံစားရတယ်။
''ဒါပေမဲ့''
သူက အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းတယ်။
သူ့အသံက တစ်ခုခုကို မပြောဖို့ ထိန်းနေရသလိုပဲ။
''အားလုံးက သူ့ကို မေ့သွားကြပြီ..သူ့ဆရာတောင်မှပဲ...ဟတ်..ဟတ်..
အဲ့တုန်းက..သူ သူ့တပည့်ကို မကယ်နိုင်လိုက်တုန်းက 'ဆိတ်ငြိမ်ခြောက်သွေ့' တောတစ်ခုလုံးကိုတစ်ခဏအတွင်း ပြာကျစေခဲ့တယ်
ဒါပေမဲ့ ဘာအသုံးဝင်တော့မှာလဲ...
နှစ်တစ်ရာလည်း ကြာရော..သူ တပည့်အသစ်ကို ခေါ်လာပြီ...သူ့ကို မေ့သွားပြီ''သူမကို ပွေ့ထားတဲ့ ဝမ်ရှုဟိုင်လက်တွေက ပိုပြီး
တင်းကျပ်လာတယ် သူ့ရဲ့ ဒေါသတွေကို တအာထိန်းချုပ်နေရသလိုပဲ။
သူပွေ့ထားတာ နည်းနည်းနာလာလို့ ကျူ းယောင်လည်း ရုန်းတော့မှ ဝမ်ရှုဟိုင်လည်း အသိပြန်ဝင်လာပြီး အားပြန်လျော့လိုက်တယ်။သူက ပြုံးရင်းကြည့်တယ်။'' ကိစ္စမရှိပါဘူး..
တစ်လောကလုံး သူမကို မေ့သွားရင်တောင်
အကိုကတော့ သူမကို သတိရနေမှာ အမြဲတမ်းပေါ့''သူလည်း အသက်ပြင်း တစ်ချက်နှစ်ချက် ရှုသွင်းလိုက်ပြီး မတ်တပ်ထရပ်ကာ တောင်ထိပ်ဆီကို ဦးတည်လိုက်တယ်။
''ပေါက်စီလေး မင်းကို ပြန်ပို့ပေးမယ်''ကျူ းယောင်လည်း အသံမထွက်ဘဲ သူမရှေ့မှာပဲ
ကြီးပြင်းလာတဲ့ ကောင်စုတ်လေးကို စိုက်ကြည့်နေမိတယ်။သူ့မရှေ့မှာ ပေါ်နေတာက ကောင်စုတ်လေးရဲ့ ကြေကွဲဝမ်းနည်းနေတဲ့ အပြုံးနဲ့ အတူ.စိတ်ပျက်အားလျော့မှု အချို့။ သူမသေဆုံးခဲ့သွားတာက သူ့အပေါ် ဒီလောက် ရိုက်ခတ်နိုင်မယ်လို့ တစ်ခါမှမထင်ခဲ့မိဘူး။စောစောကတင် သူမ သေသွားပြီး
ခုလို ပြန်ဘဝအသစ်စတာက မျက်စိတစ်မှိတ်ပဲ
ရှိသေးတယ်လို့ တွေးနေတာ။ခုတော့ သူ့ပြောစကားအရ သူမသေတာ နှစ်တစ်ရာတောင်ရှိပြီ။သူမသေတာ နှစ်တစ်ရာ ရှပြီ သူက ခုထိ တွေးပူဆွေးနေတုန်းပဲ။
သူမမသေဘဲ ခုလို ဘဝသစ်နဲ့ ပြန်ရှင်သန်လာပြီဆိုတာ သူမ တအားပြောချင်လာတယ်။နောက်ဆုံးတော့ သူမ ဘာမှ မပြောနိုင်တာမလို့ သူရဲ့ လက်သေးသေး ကိုယ်လုံးသေးသေးလေးသုံးပြီးတော့.ပဲ သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။
ကောင်စုတ်လေး! ငါ ပြန်လာပါပြီ!
''တစ်ယောက်ယောက်ရှိနေတာလား''
ယုယန်လည်း ပြန်ရောက်ရောက်ချင်းပဲ အပြင်လူတစ်ယောက်ရှိနေတာကို ခံစားလိုက်ရတယ်။
သူ့တပည့်ကို လက်ထဲက နို့ဘူးကမ်းပေးလိုက်ပြီးနောက် ဘယ်သူလဲဆိုတာ စုံစမ်းဖို့ လက်ဝေ့ယမ်းကာ စစ်ဆေးရေးဂါထာ တစ်ခု မန်းမှုတ်လိုက်တယ်။ဘယ်သူလဲ ဆိုတာ သိပြီးနောက် သူနဖူးကြောတွေ တွန့်လာတယ်။ဟို အကျင့်မကောင်းတဲ့ ကောင်လေးပဲ။သူ့ ပထမတပည့်ကို သူ့ဆီက ခိုးသွားတာ အားမရလို့ ခုတော့ ဒုတိယတစ်ယောက်ကိုပါ လာခိုးဖို့ ကြိုးစားနေတယ်။ယုယန်လည်း သူ့မုန့်လုံးလေးကို သယ်ရင်း
လေးလေးနက်နက် သတိပေးလိုက်တယ်။
''နောက်ဆို မင်းနဲ့ မပက်သက်တဲ့ သူတွေနဲ့
သိပ် အဆက်ဆံမလုပ်နဲ့..''သူ့တပည့် မကောင်းတဲ့ အရာတွေ အရင်ကတစ်ယောက်လို တတ်လာမှာစိုးလို့။
ကျူ းယောင်ရဲ့ အဖြေကတော့ လက်ထဲက နို့ဘူးနဲ့ သူ့ဆရာ မျက်နှာကို ထုလိုက်တာပဲ။သူ့မိသားစု ဖြစ်တဲ့ ကောင်စုတ်လေးကို မကောင်းဘူးလို့ ဘယ်သူမှ
မပြောရဘူး။
ဆရာတောင် မပြောရဘူး။သူမက ကလေးပဲ ရှိသေးတယ်။ဒါပေမဲ့ မရဘူး
ခေါင်းမာတယ်။ယုယန်>> ''#*$...''
တစ်ပိုင်း ပြီးသေးဘူး..😂
ညနေမှ..ရေးပြီး..တင်တော့မယ်.နော်.
😜..
YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...