ကျူးယောင်လည်း ချီဟန်ကို တစ်ချက်ကြည့်လိုက်တယ်။ဘာကြောင့်မှန်းမသိ သူ ချီဟန်ပြောတာကို မယုံနိုင်ဘူး။စောစောကတည်းက
သူ ရှင်းရှင်းလင်းလင်းမြင်လိုက်ပြီးသား။
ချီဟန် ကလေးမလေးကို လှမ်းဖမ်းလိုက်တဲ့
အချိန်မှာ မျက်လုံးအရောင်လက်လို့သွားတယ်။ထူးကဲတဲ့လက်ဆောင်တစ်ခုကို ရလိုက်
လ်ို့ ဝမ်းသာသွားသလိုမျိုး။နောက်ကလေး ယောကျာ်းလေးကို ဖမ်းယူဖို့ စိတ်ကူးနည်းနည်းမှ ရှိဟန်မတူဘူး။တစ်ချို့ကိစ္စတွေကို ချီဟန် တမင်ဖုံးကွယ်ထားသလို ကျူးယောင်ခံစားရတယ်။သို့ပေမဲ့
သူနဲ့မှ တိုက်ရိုက်မဆိုင်တာ မစပ်စုတော့ပါဘူးလေ။''ဝါး...…''
ချီဟန်လက်ထဲက ကလေးမလေးက အနည်းငယ် လှုပ်ရှားလာတယ်။သူ့ကို ထွေးပွေ့ထားတဲ့ ချီဟန်ကို စပ်စုတဲ့မျက်လုံးတွေနဲ့
ကြည့်ကာ ချစ်စရာကောင်းတဲ့ တီတီတာတာ
အသံတွေပြုမူလိုက်တယ်။'' မင်း စကားမပြောတတ်သေးဘူးလားကွာ''
ချီဟန်က ပြောတယ်။ကလေးကို သည်သောက်ရူးမေးခွန်းမေးနေတဲ့ ချီဟန်ကို ကြည့်ရင်း ကျုးယောင် မျက်ဖြူလန်
ချင်ချင်ဖြစ်သွားတယ်။ ကလေး မပြောနိုင်တာ အသိသာကြီးကို!ရှင် မွေးတုန်းကရော ဘာကိစ္စ
စကားတန်းမပြောသလဲ ပြော!သို့ပေသိ ချီဟန်ကြည့်ရတာ အလွန်မင်း ကျေနပ်နေပုံရတယ်။ပြီးတော့ ကလေးမလေး
ခေါင်းကို ထိတို့ပုတ်ခုတ်ရင်းပြောတယ်။''စိတ်မပူနဲ့တော့ ခုချိန်ကစပြီး ငါ မင်းဆရာပဲ
မင်း နာမည်ကတော့ ယွဲ့ဟန်ရှင်းပေါ့ကွာ''တစ်ကယ်ကို အဓိက ဇာတ်ဆောင်ပဲ!!
ယွဲ့ဟန်ရှင်းက တစ်ကယ်ကို အဓိက ဇာတ်ဆောင်အရှိန်ဝါကို ပိုင်ဆိုင်ပုံပဲ။ကလေးမလေးဆီက
ချစ်ဖို့ကောင်းတဲ့ အပြုံးလေး နဲ့ တီတီတာတာ
အသံလေးတွေ ထွက်လာတယ်။ကလေးမလေး အပြုမူတွေက သူ့ နှလုံးသား
ကို လှုပ်ခတ်နိုင်သွားပုံပဲ။ ကလေးလေးက်ို
တစ်ဖန်ပြန်ပြုံးပြတယ်။သူ့မျက်နှာတစ်ခုလုံး
တစ်တီတူးကြည်နူးမှုတွေအပြည့်နဲ့ ။

YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...