၄၁dd
(Thank to Invisible clover for pics😁)
ပထမတစ်ဝက်...ကျူးယောင်ကတော့ ဆော့စရာ အသစ်ရလိုက်သလိုပဲ။သူ့ခန္ဓာကိုယ် နေရာတိုင်းကို ကျုံ့လိုက် ကျယ်လိုက်နဲ့ ။
အာ! နေပါဦး သူမကိုယ် သူမ ပူဖောင်းလို ခံစားရတယ်။သူမ လေမှုတ်သွင်းလိုက်တဲ့ နေရာတိုင်းက ဖောင်းလာတာ။
ကိုယ့်ဘာသာ ပူဖောင်းမှန်း သိသွားတော့ ကျူးယောင် ခမျာ မျက်ရည်တောင် ကျချင်ချင်။
သူ့ကိုယ်ထဲက လေလုံးကြီးက မလျှော့သွားဘဲ ပိုတောင် ကြီးကြီးလာသလိုပဲ။သူမလည်း လေလုံးကို ခန္ဓာ ကိုယ် နေရာအနှံ့ ကို အညီမျှ ပို့ပြီး ဖြန့်ထုတ်ဖို့ ကြိုးစားလိုက်တယ်။ဒီလို လုပ်တာက တစ်နေရာထဲ ပို့ရတာထက်ကို
ပို အချိန်ကုန်တာပဲ။သူမ ဒီလိုလုပ်တာ နှစ်နာရီဆကျာ် ကြာမှ ပြီးတယ်။ပြီးလည်းသွားရော
သူမကိုယ်က ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်
မန်းမပျို လေးကိုယ်လုံးရလာတယ်။တစ်ညထဲနဲ့ ကြီးသွားတာ!တကယ့်ကို စိတ်ကူးယဉ် ဆန်လွန်းတယ်။
သူ့မကိုယ်ကို သေချာစစ်ကြည့်လိုက်တော့ အားလုံးက ပုံမှန်ပဲ။ချိုင့် ရမယ့်နေရာတွေက ချို့င့်နေပြီး ဖောင်းရမယ့် နေရာတွေ ကတော့...
ချိုင့်နေတယ်။အတော်ကို အဓိပ္ပါယ်မရှိတာပဲ။
ကျူးယောင်လည်း သူမရင်ဘတ်က မဖွံ့ထားသေးတဲ့ ပေါက်စီသေးနှစ်လုံးကို တိတ်တဆိတ် ကြည့်ရင်း ရုတ်တရက် အကြံရလာတယ်။သူမ ကိုယ်ကို ပုံပြောင်းအောင် လေမှုတ်သွင်းပြီး ထိန်းချုပ်နိုင်တယ်ဆိုတော့ သူမမှာ လွတ်နေတဲ့ တစ်ချို့ နေရာလေးတွေကို ပြန် ပြီး ပြင်နိုင်တယ်လို့ ဆိုလိုတာပဲ မလား!
ကျူးယောင်လည်း တွေးမိပြီး အတော်လေး စိတ်လှုပ်ရှားလာတယ်။ချက်ချင်းပဲ လေလုံးကို ထိန်းချုပ်ရင်း သူမ ရင်ဘတ်ဆီကို တွန်းဖို့ ကြိုးစားတယ်။

KAMU SEDANG MEMBACA
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...