47
လုံးဝန်းသော အမြူ တေ
ရေကန်အောက်ခြေက ကျောက်တုံးအခန်းလေးကို ပြန်လာပြီးတော့ ကျူ းယောင်လည်း ကြိုးကြိုးစားစား တရားထိုင်တော့တယ်။အပေါ်မှာ ချိတ်ဆွဲထားတဲ့ ခရမ်းပြာမိုးကြိုးတွေတောင် သူ ယူသုံးပြီး စုဆောင်းလို့ တဖြည်းဖြည်း အရောင်ဖျော့လာကြတယ်။အထက်မှာ မျောနေတဲ့ မိုးကြိုးနှစ်ခုကို စုပ်ယူပြီးသွားတဲ့အခါမှာ သူမ ခံစားဖူးတဲ့ နာကျင်မှုက တစ်ခါ ပြန်ပေါ်လာတယ်။
သူမရဲ့ အခြေတည်ဆင့် ဖြစ်တာနဲ့ နတ်အမြူ တေဆင့် တက်လှမ်းခြင်းက ကွာခြားတယ်။ အခြေတည်အဆင့် ဆိုတာက စုဆောင်းထားတဲ့ ချီ ကို အသုံးပြုုပြီး ခန္ဓာကိုယ်က အကြောအရွတ်တွေ အားလုံးရဲ့ ခ ံနိုင်စွမ်းကို ကျော်ဖြတ်ခြင်းဖြစ်တယ်။
သို့ပေမဲ့ နတ်အမြူ တေအဆင့်ကတော့ ချီ ကို စုဆောင်းပြီး တစ်နေရာထဲ တစ်လုံးတစ်ခဲ အနေနဲ့ စုသိမ်းဖို့ ဖြစ်တယ်။ တစ်ချက်လေး ဂရုမစိုက်မိတာနဲ့ စုဆောင်းထားတဲ့ ချီ တွေဟာ နတ်အမြူ တေလုံး ဖြစ်ဖို့ ဦးမတည်ရုံသာမကဘဲ သူ့ ရဲ့ နတ်အမြူ တေဆင့်
တက်လှမ်းဖို့ ကြိုးစားမှုလည်း ကျရှုံးရလိမ့်မယ်။သူမ ကိုယ်တွင်းကို အာရုံခံ ကြည့်တော့မှ တစ်ကိုယ်လုံးမှာ လျှပ်စီး ချီ တွေနဲ့ ပြည့်နေပြီး ချီ တွေဟာ ဝရုန်းသုန်းကား.ဖြစ်ဖို့ စနေပြီ။ဒီလို ဆက် ဖြစ်နေရင်တော့ သူမရဲ့ အတွင်း သွေးကြောတွေ အကုန်
ပေါက်ထွက်ကုန်လိမ့်မယ်။သူမလည်း နာကျင်မှုကို တြိတ်ခံလိုက်တယ်။ဆရာသင်ပေးတဲ့ အတိုင်းပဲ လျှပ်စီး ချ ီတွေကို စုစည်းပြီး နတ်အမြူ တေ
ဖြစ်ဖို့ ကြိုးစားတယ်။အပြောကတော့ လွယ်ပေမဲ့ အလုပ်ကျတော့ အတော်ခက်တယ်။သူမကလည်း ပုံသွင်းစက် မဟုတ်။ အစကတည်းက ချီ ဆိုတဲ့ အမျိုးက အကောင်ထည် ပုံသဏ္ဌာန် မရှိပေ။ဒါကို စုစည်းပြီး နတ်အမြူ တေအဖြစ် ဖန်တီးဖို့ဆိုတာ အတော်မလွယ်ချေ။
သူမ ဘယ်လောက်ပဲ ချီ တွေကို စုဆောင်းပြီး
အမြူ တေဖြစ်ဖို့ ကြိုးစားနေပါစေ တစ်ဖက်က သူမစုဆောင်းပြီး အလုံးဖြစ်ဖို့ ကြိုးစားနေလည်း
တစ်ဖက်က ဖုဖောင်းထွက်လာတယ်။ချ ီတွေ
လေလွင့်ခြင်း မရှိဘဲ တစ်နေရာတည်းမှာ စုစည်း နေဖို့ လိုအပ်နေပြီ။
YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...