အခန်း(၁၀၄)မုန်လာဉလေးပြောင်းလဲပြီ

6.5K 1K 105
                                    

'' ဒေါ်လေးငယ် ယုလော်!...''

တိုက်တိုက်ဆိုင်ဆိုင်ပဲ စကာတင်နှစ်ယောက်
အနက် တစ်ယောက်က သူတို့ဂိုဏ်းကဖြစ်နေတယ်။ သူမကိုလည်း မှတ်မိနေတယ်။

'' ဘာလို့ ဒေါ်လေးငယ်...''

ယုလော်က ဘာမှ ပြန်မဖြေဘူး။ ရှေ့က နှစ်ယောက်ကို အေးစက်စွာတစ်ချက် ဝေ့ကြည့်ရင်း
ပြောလိုက်တယ်။

'' တိုက်ကွက်ထုတ်..''

ရှေ့က နှစ်ဦးလည်း အံ့သြပြီး ဘာပြောရမှန်း
မသိဖြစ်သွားတယ်။ တစ်ဦးချင်း စီးချင်းထိုးပွဲ
ကနေ သုံးပတ်လည် တိုက်ချင်သလို တိုက်ရတဲ့
ပွဲ ဘယ်တုန်းကဖြစ်သွားတယ်ဆိုတာ သူတို့လည်း မသိလိုက်ရပါလား။

သူ့သမီး စင်ပေါ်ရောက်နေတာ မြင်ကတည်း
ဇီမိုလည်း စိုးရိမ်လွန်းသွားပြီး ထရပ်လိုက်မိတယ်။

'' ယုလော်''

သူ့အဖိုးတန်လေးက ဘယ်နှယ့်မှားပြီး စင်ပေါ်
တက်သွားရတာလဲ။

သူ့သမီးကို ဆူပြီး ပြန်လာခိုင်းမလို့ ရှိသေး
ရုတ်တရက် ကြီးမားတဲ့ အရှိန်ဝါတစ်ခုက သူ့ကို
ဖိနှပ်ပြီး ထိုင်ခုံပေါ်ထိုင်ကျသွားစေတယ်။
ဇီမိုလည်း နောက်လှည့်ကြည့်တယ်။

'' ဒေါ်လေး..!.''

ဘာကိစ္စ ဒေါ်လေးက တားရတာလဲ။

ကျူ းယောင်က သူ့ဘက်ကို တစ်ချက်မကြည့်သလို
ရှင်းလည်း မပြဘူး။ ရှေ့က ပြိုင်ကွင်းကိုသာ
စူးစိုက်ကြည့်နေတယ်။ မသိရင် ဇီမို့ဆီကို
အရှိန်ဝါ.လွှတ်တာက သူ မဟုတ်တဲ့အတိုင်း။

ဒေါ်လေးငယ် ဘာတွေ လုပ်နေတာလဲ။
သူ့သမီးက လည်း အခြေတည်အဆင့်ဆိုပေမဲ့
သူ့သမီးက အသုံးမကျတဲ့ ရေဝိဉာဉ်ကြောက
ဘယ်လိုလုပ် ဟိုနှစ်ယောက်ကို ယှဉ်နိုင်မှာလဲ။
ပြီးတော့ သူတို့နှစ်ယောက်က အခြေတည်
ပြည့်စုံအဆင့်တွေ။

တစ်ချိန်ထဲမှာ စိုးရိမ်သောကရောက်ရင်း
နေမထိထိုင်မသာဖြစ်နေပေမဲ့လည်း ဇီမို့ခမျာ
နေရာကနေ ရွေ့မရ။

'' ဒေါ်လေးငယ် ယုလော် ... ကွင်းထဲကို
မှားဝင်လာတာ ဝင်တယ်''

ဂိုဏ်းတူချင်းမလို့ အသုံးမကျတဲ့ရေဝိဉာဉ်ကြောပိုင်
ဆိုင်ထားတဲ့ ဒေါ်လေးငယ်ယုလော်အကြောင်း
ကိူ သူ့အနေနဲ့ သိထားပြီဖြစ်တယ်။ သူတို့
ဒေါ်လး
ယုလော် မှာ ဝင်ပြိုင်
နိုင်လောက်တဲ့ အရည်ချင်းရှိမယ်လို့ လုံးဝ
မထင်ဘူး။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Tempat cerita menjadi hidup. Temukan sekarang