အခန်း(၆၉)ကယ်ဆယ်ရေးအဖွဲ့လေး

8.1K 961 128
                                    

အခန်း(၆၉)ကယ်ဆယ်ရေးအဖွဲ့လေး

ဘာမှန်း ရေရေရာရာ ပြောလို့မရတဲ့ သူတို့
တိုက်ပွဲကြီးဟာ ရေရေရာရာ မရှိဘဲ ပြီးဆုံးသွား
ခဲ့တယ်။

သူ့တို့ဘက်က အသုံးမကျတဲ့ ဘယ်ဇာတ်ရံ
မှ မသေသွားသော်လည်း နတ်ဝိဇ္ဇာ တစ်
ယောက်ပါသွားတယ်။ ပြောရရင်တော့ ပြန်ပေး
ဆွဲ ခံရတာ။

ဖန်းရီ ခေါ်ဆောင်သွားခံရပြီးတဲ့ အချိန်မှာပဲ
အကာရံစည်းက နောက်တစ်ကြိမ် ပြန်ပြိုလဲ
စ ပြုလာတယ်။ကျူ းယောင်လည်း ကျိတ်
ကျိန်ဆဲရင်းသာ ထို အကာရံစည်း မပြိုလဲအောင်
ဝင်ကူရပြန်တယ်။ ဒီ စည်း ချ ထားတဲ့ စွမ်းအား
က ဘာကိစ္စ သိပ်ကြီးနေရတာတုန်း။ ခဏ
တွင်း ရှိသမျှချီ  စုပ် ထုတ် ခံရသလို ခံစားရတယ်။

'ကူပါဦး.´ ဆိုတဲ့ အကြည့်ကို ဇီမိုက ကျူ းယောင်ဆီ တိတ်တဆိတ် ပစ်လွှတ်တယ်။

ကျူ းယောင်လည်း.ငိုချင်သွားတယ်။
ဘာ လာကြည့်တာလဲ။ ခုနေ သွားလို့ မှ မရတာ
ကို သိရဲ့သားနဲ့။ ဒီကနေပြီး အော်ခေါ်စေချင်
တာဆိုရင်တော့ တစ်မျိုး ပေါ့။

အဲ...မဆိုးဘူး ငါ အော်ကြည့်ရမယ်...

'' အရှင်သခင် ယုယန် ကူညီပါဦး..´´

ခုချိန်မှာတော့ ကျူ းယောင်လည်း ဒရမ်မာထဲ
က ကောင်မလေးလိုပဲ အော်ဖို့သာ
တတ်နိုင်တယ်။

''အရှင်သခင်....မြန်မြန် ထွက်လာပါတော့
ထွက်လာပါတော့ ထွက်လာပါတော့....ထွက်
လာပါတော့....အထဲ မှာ ပုန်းမနေပါနဲ့တော့..
အရှင် နတ်ဝိဇ္ဇာ ကြီး တောင်ပေါ်မှာ အောင်းနေ
မှန်း.သိပါတယ်...´´

မကြာခင်သာ သူ မထွက်လာရင် ကျူ းယောင်မှာ
သေရတော့မယ်။

ဒီစကားလုံးတွေလည်း အော်ပြောပြီးချိန်မှာတော့ အဖြူရောင် အလင်းတစ်ချက်လက်သွားပြီး
ရေခဲတမျှ အေးစက်သော အငွေ့သက်အေးတွေ
ထုတ်လွှတ်နေသူကြီး တစ်ယောက်က ကျူ းယောင်ရှေ့မှာ ရပ်နေတယ်။

လခွမ်း! ဆရာ တစ်ကယ်ကြီး လာတယ်ဟ။

ကျူ းယောင်သာမက ဇီမိုလည်း ထိတ်လန့်အံ့သြ
သွားရတယ်။ သူ့ ဆွိုင်ညီငယ် ရဲ့ အကူညီတောင်း သံတစ်ချက်နဲ့ ဆရာဦးလေးကို ခေါ်ထုတ်နိုင်
လိမ့်မယ်လို့ သူ လုံးဝ မထင်ထားဘူး။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Tempat cerita menjadi hidup. Temukan sekarang