၅၇''မြန်မြန် လာ မင်း.မပြန်ချင်ဘူးလား...''
သူမ ရေထဲ မဆင်းသေးဘဲ ကမ်းခြေနားမှာ.ယောင်တောင်တောင် လုပ်နေတာကို မြင်တော့ ငါးကလေးလည်း မနေနိုင်ဘဲ လော်ဆော်ရတော့တယ်။
ကျူ းယောင်တော့ အတော်လန့်နေတယ်။သေပြီ! ငါတော့ သေပြီ! ဒီတစ်ခါ တစ်ကယ် သေပြီ!
သူ့ကို ရေမကူးတတ်ဘူးလို့ ပြောလိုက်ရရင် ကောင်မလားဟင်!!ပလီစိချောက်ချက်!! ဘယ် ငါးမန်းလူသားက ရေမကူးတတ်ဘဲ နေမှာလဲ!!
'' ရေပူဖောင်း ဂါထာ..''
ရုတ်တရက် အေးစက်စက် အသံတစ်ခုက သူမနားကို ကပ်ပြောလာတယ်။ ယုယန်!
လန့်နေရာကနေ အတော်စိတ်ြငိမ်သွားတယ်။ဟူတ်သားပဲ ရေပူဖောင်း ဂါထာသုံးလို့ ရတာပဲ!! အဲ့လိုနည်းနဲ့ သူမ ကုန်းပေါ်မှာလိုပဲ သွားလို့ရပြီ။ ချက်ချင်း ပဲ ဂါထာကို မန်းမှုတ်လိုက်တယ်ဆိုရင်ပဲ သူမ တစ်ကိုယ်လုံးကို ပူဖောင်း အကြည်လေးက လွှမ်းခြုံသွားတယ်။
ရေထဲလည်း ဆင်းလိုက်ရော ရေတွေက ပူဖောင်းဘေးကနေ အလိုလျောက် ဖြတ်သန်းသွားကြတယ်။
ငါးမန်းလူသားက သူမကို ရွံရှာတဲ့ ပုံနဲ့ အချိန်အတော်ကြာ ကြည့်ပြီး ပြောတယ်။
''မင်း ဘာလို့ ဒီလို ရုပ်ဆိုးဆိုး လူပုံအသွင်ယူရတာကို ကြိုက်နှစ်သက်နေရတာလဲမသိဘူး
ရေထဲ ဆင်းတာတောင် လူအသွင်နဲ့ ဆင်းနေသေးတယ်...''ငါးမန်းလူသားတွေက မွေးကတည်းက လူအသွင် ပြောင်းနိုင်တဲ့ မှော်သတ္တဝါ တွေ ဖြစ်တယ်။သို့ပေမဲ့ အချိန်အများစုက ရေထဲမှာပဲ ကျင်လည်ကြတာမလို့ လူအသွင်ကို မယူကြတာ များတယ်။
''ဟဲ..ဟဲ...ငါ့ ဝါသနာက နည်းနည်းဆန်းတယ်လေ''
ကျူ းယောင်လည်း ရယ်ကျဲကျဲလုပ်ရင်း ဖော်ရှောရတယ်။
''ဘာပဲ ဖြစ် ဖြစ် ....''
ငါးမန်းကောင်က လက်တစ်ချက်ဝေ့ယမ်းရင်း ပြောတယ်။ပြီးတော့ သူ့အမြီးနဲ့ ရေနက်ထဲကို လျင်လျင်မြန်မြန်ပဲ ကူးခတ်သွားတယ်။ကျူ းယောင်လည်း မြန်မြန် အမှီလိုက်လာရတယ်။
YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...