(Photo credit to Invisible clover)
''ထင်ထားတဲ့ အတိုင်းပဲ''
ယုယန်လည်း တည်ငြိမ်စွာနဲ့ပဲ မုန့်လုံးလေးက်ို
အိမ်လေးဆီ ပြန်ခေါ်လာတယ်။''ဆရာ''
ဘာတွေဖြစ်နေတာလဲ။သူမ လုံးဝ နားမလည်တော့ဘူး။
''ဘာကြောင့် သာမန်လူတွေက ဝိညဉ်ကြော စမ်းသပ်ဖို့ တစ်နှစ်ပြည့်အောင် စောင့်ရလဲသိလား''
ယုယန်က သူမရဲ့ လက်ဝတုတ်လေးကို ဆွဲယူရင်း လက်ကောက်ဝတ်ကနေ တစ်ဆင့် သွေးခုန်နှုန်း စမ်းနေတယ်။
ကျူးယောင်လည်း ခေါင်းရမ်းတယ်။
''ဝိညဉ်ကြောတွေက တစ်နှစ်ကြာမှ ပေါက်လာလို့လား''.
''လူတစ်ယောက်မှာ ဝိညဉ်ကြော ရှိတယ်ဆိုတာ မွေးကတည်းက ပါတာ..နောက်ရက်မှ
ဖြစ်ပေါ်လာတာမဟုတ်ဘူး''သူမကို စမ်းသပ်စစ်ဆေးကြည့်တာ အားလုံးကောင်းတယ်ဆိုမှပဲ ယုယန်က လက်ပြန်ရုတ်လိုက်တယ်။
''ဘာကြောင့် ဝိညဉ်ကြောကို တစ်နှစ်ပြည့်မှ စမ်းသပ်လည်း ဆိုတော့ မွေးကင်းစလေး တစ်ယောက်ရဲ့ ကိုယ်ဟာ အတော်အားနည်းလို့ ချီ ကို လက်မခံနိုင်ဘူး...တစ်နှစ်မပြည့်ခင် အချိန်မှာ အတင်း ကျင့်ကြံမယ် ဆိုရင် သူရဲ့ အကြောအရွတ်တွေ အကုန်ပေါက်ထွက်ပြီး သေဆုံးရလိမ့်မယ်''
သူ ကိုယ်တိုင် ၃ နှစ်သားထဲက ဂိုဏ်းထဲဝင်ခဲ့ပေမဲ့ ၁၀နှစ်သားမှ အခြေတည်အဆင့်ကို လှမ်းခဲ့လည်းဆိုတာက ဒီအကြောင်းရင်းကြောင့်ပဲ။သူ ၁၀ နှစ်သား မတိုင်ခင်က သူ့ကိုယ်က အခြေတည်ဆင့်ရဲ့ ဖိအားကို မခံနိုင်ခဲ့ဘူး။
''ဒါမဲ့ တပည့်က ဘာမှ မဖြစ်ပါဘူး''
သူမကိုယ်ကို ကျန်းမာတဲ့ မုန့်လုံးလေးလို့
ခံယူထားတယ်။''အစတုန်းက ဒီအကြောင်းကြောင့် စိတ်ပူခဲ့တာ ဒါပေမဲ့ ဒီနေ့တော့ မင်း ကိုယ်လုံးက ကြိုက်သလို ပြောင်းလဲနိုင်တယ်ဆိုတာ နားလည် လိုက်ပြီ...
ВЫ ЧИТАЕТЕ
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Юморကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...