အခန်း(၂၇)လူတစ်ယောက်ရဲ့အပြောင်းလဲ

7.2K 890 15
                                    

၂၇

ကျူ းယောင်လည်း ပိုပြီး ပြုံးရွင်လာပြီး
''အော် နံပါတ်သုံးလေးကိုး နားလည်ပါတယ်
နံပါတ်သုံးလေးက ဒေါ်လေးငယ်ကို တစ်ခါမှ မှ မတွေ့ဖူးတာ ဒေါ်လးငယ်က အပြစ်မတင်ပါဘူး
ဟုတ်တယ်မလား နံပါတ်သုံးလေး´´
(TN:နံပါတ်လေးသုံးဆိုတာ အတွဲတစ်တွဲကြား ကန့်လန့်လိုက်ရှုပ်နေတဲ့ ကျက်သတုံး.သူငယ်ချင်း တစ်ကောင်ကို ပြောတာပါ😁)

''ကျေးဇူး တင်ပါတယ် ဒေါ်လေးငယ်´´
သူ့ကို နံပါတ်သုံးလေးလို့ ခေါ်တာတော့ အတော်ကိုထူးဆန်းတယ်လို့ခံစားရတယ်။

''ရပါတယ် ဘာပဲဖြစ်ဖြစ် ငါကလည်း အသက်
ကြီးနေတာပဲလေ ငါ့နှလုံးသားက ကြီးပြီး ကျယ်တယ် ဒါ အသက်ကြီးတာရဲ့ ကောင်းကွက်တစ်ခုဆိုပါတော့´´

ယန်ရဲ့ဟွာ>>'#*$..´´
ပြောတော့ အပြစ်မတင်တော့ပါဘူးဆို။

ဘေးနားက ရပ်နေတဲ့နှစ်ယောက်လည်း မထိန်းနိုင်တော့ပဲ ရယ်ချလိုက်တယ်။

''မမကျူ းယောင် ကျတော့် နောက်ဆုံး ပြိုင်ပွဲကို လာကြည့်တာ မဟုတ်လား´´
ဝမ်ရှုဟိုင်က အချိန်မှှီပဲ ဝင်ပြောပြီး ခေါင်းစဉ်ပြောင်းလိုက်တယ်။သူ့မမ ကျူ းယောင်က အမြဲတမ်း ဒီလိုပဲ သူများကို စကားနဲ့ ခနဲ့ လိုက်ရမှ။

''နောက်ဆုံးပွဲ ?....
မင်း နောက်ဆုံးပွဲတောင် ရောက်ပြီပေါ့´´
ဒီနေ့ တကယ်တော့ ပြိုင်ပွဲရဲ့ သုံးရက်မြောက်နေ့ ဖြစ်တယ်။ကြည့်ရတာ သူ့ဆရာက သူမကို နောက်ဆုံးပြိုင်ပွဲတွေကိုပဲ ကြည့်စေချင်ပုံပဲ။

''အင်း..ကျတော်က ချီ အဆင့် ပြိုင်ပွဲ ထဲမှာလေ
´´
ပြောပုံအရ မမက မသိဘူးပေါ့ သူ့နောက်ဆုံးပွဲဆိုတာကို။ဝမ်ရှုဟိုင်လည်း နည်းနည်းတော့ စိတ်ပျက်သွားတယ်။သို့ပေမဲ့ ချက်ချင်း ပြန်ပျော်သွားပြီး
'' ခဏနေ လာမဲ့ ပြိုင်ပွဲက နောက်ဆုံးပွဲစဉ်ပဲ
အဲ့က နိုင်တဲ့သူနဲ့ ကျနော်နဲ့ တိုက်ရမှာ´´

ကျူ းယောင်လည်း ပြိုင်ကွင်းကို အာရုံစိုက်ပြီး
ကြည့်လိုက်တယ်။ခုလေးတင် တစ်ပွဲပြီးသွားပြီး
ဂိုဏ်းသားတွေက စင်မြင့်ကို ရှင်းလင်းနေကြ
တယ်။ပြိုင်ပွဲက အခြေတည်အဆင့်အတွက် ဖြစ်ပုံရပြီး နိုင်တဲ့သူက တခြားဂိုဏ်းကဖြစ်တယ်။
အပြာရောင် ဝတ်ရုံဝတ်ဆင်ထားတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Tempat cerita menjadi hidup. Temukan sekarang