အခန်း(၆၂)တပည့်ဖြစ်ကြောင်းအထောက်ထား

7.3K 1K 147
                                    

အခန်း(၆၂)

ကျူ းယောင်လည်း သက်ပြင်းချမိသွားတယ်။ထိုလူငယ်ရဲ့ မျက်လုံးကိုလည်း မကျေမနပ်ဖြစ်မိတယ်။

သူမကို ဘာကိစ္စ ယောကျာ်းလေး လာထင်နေရတာလဲမသိဘူး!

သူလည်း အလိုလိုပဲ အဝတ်စားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်နေရင်းနဲ့ အပိုပစ္စည်းတစ်ခု ခြေထောက်နှစ်ချောင်းကြောင်း ရောက်ရှိနေကြောင်း ခံစားလိုက်ရတယ်။မကောင်းတော့ဘူး!!

မဝံ့မရဲနဲ့ ဘောင်းဘီထဲ ချောင်းကြည့်တဲ့အခါမှာတော့....

မဖြစ်နိုင်တာ။ မဖြစ်နိုင်ဘူး။မဖြစ်နိုင်ဘူး။

သူမ ဘောင်းဘီဆွဲချွတ်ရင်း အမြင်မှားသွားတာလား။မဖြစ်ဘူး။သူမက ဘာကိစ္စ အပိုပစ္စည်းတစ်ခု ဘာလာရမှာလဲ။ နောက်တစ်ခါ ထပ်ချွတ်ကြည့်ဦးမှ။

ဆွဲချွတ်ကြည့်တယ်။

ပြီးတော့ ပြန်ဝတ်တယ်။ဟင်...ငါ ထင်ယောင်ထင်မှား ဖြစ်နေတာများလား။

မျက်လုံးတွေကို ပွတ်သပ်ရင်း နောက်တစ်ကြိမ်
ချွတ်ကြည့်တယ်။

ပြီးတော့ ပြန်ဝတ်တယ်။

ကျူ းယောင်တစ်ယောက်.အော်ထဲ့လိုက်မိတယ်။

''အား......''

ဘာကြောင့်လဲ! ဘာကြောင့်လဲ! ဘာကြောင့်များလဲ!ငါ ဘာကိစဏ ယောကျာ်းအဖြစ် ပြောင်းသွားရတာလဲ! အဓိပ္ပါယ် ကို မရှိဘူး။

အသက်ပြန်သွင်းပေးတော့ ကျောက်တုံးဘေးနားမှာ လုပ်ပေးထားတယ်ဆိုထဲက သူမကိုယ်ကို ကျောက်တုံးနဲ့ ခေါင်းနဲ့ ဝင်ဆောင့်ပြီး သတ်သေလို့ လွယ်ကူအောင်များလား။

ကျူ းယောင်လည်း ထိတ်လန့်သွားမိတယ်။တစ်လောကလုံးရဲ့ သူမပေါ် မကောင်းဝိုင်းကြံနေတာကို ခံစားနေရတယ်။

ယောကျာ်းပြောင်းပေးတဲ့ ဘယ်ကောင်မဆို ထွက်ခဲ့စမ်း။ စကားလေးဘာလေး ပြောရအောင်လို့!!

''ချစ်ခ်...''

သူမရှေ့မှာ အစိမ်းရောင်အလင်းတစ်ချက်လက်သွားပြီး အစိမ်းရောင်လေး တစ်ခုက ခုန်ထွက်လာတယ်။

သူမရှေ့ ရုတ်တရက်ကြီး ပေါ်လာတဲ့ ဘွန်ဆိုင်းပင်လေးကို ကျူ းယောင် ကြည့်မိတယ်။မြေကြီးထဲလည်း အမြစ်တွေက စိုက်မထားပါလား။ သူမအတော် တောင် လန့်သွားတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora