အခန်း(၅)တစ်ဆိတ်လောက်လူကြီး ရှင်ကဘယ်သူလဲ!

10.1K 1.2K 93
                                    

အနီရောင်အမျိုးသမီးက ပိုတောင် ဒေါသထွက်လာတယ်။

''ဘယ်လို တောင် ရဲတင်းရတာလဲ မင်းက အမှားလည်း လုပ်မိသေးတယ် တောင်းပန်ဖို့ မကြိုးစားဘဲ သူများ စကားပြောတာကို ဖြတ်ပြောဖို့ ကြိုးစားတယ်...........
ညည်းအမေက... လောကကျင့်ဝတ်တွေကို သင်မထားဘူးလား''

အို အို!!ဘယ်လိုတောင် ဒေါသထွက်တတ်တာလဲ!ဟင်း သူမတစ်ယောက်တည်း သူများအမေကို ပုတ်ခတ်ပြောဆိုတတ်တယ်ထင်နေတာလား!ဆောရီးပဲ ညီမလေး ဒီက ပိုပြောတတ်တယ်!

''ဒါဆို ရှင့်အမေကရော လောကဝတ်တွေ ကို ရှင့်ကို ဘယ်လိုသင်ထားလဲမသိဘူး သူများ မျက်ချေး အကြောင်း မပြောခင် ကိုယ့်မျက်ချေးကိုယ်ပြန်ကြည်ပြန်ကြည့်ရတာကို ရှင့်ကို မပြောထားဘူး ထင်တယ်''

ဘောလိုပဲ!တစ်ခါမှ ဒီလောက် စိတ်မဆိုးဖူးဘူး။

(TN:😱 မင်းသမီး ဆဲပြီလေ!)

''နင်...''

အနီရောင်အမျိုးသမီးက ဒေါသထွက်လွန်းလို့ နှာခေါင်းတွေတောင် နီလာပြီ။

''ဒီမှာ အနီရောင်လေး..''

သူမ သူ့ကို စကားပြောခွင့်တောင် မပြောပေးဘဲ

''တစ်ယောက်ယောက် စကားပြောနေတာကို နှောင့်ယှက်တာက လောကဝတ်ကို မသိတာဆို...ရင်လေ စောစောက ကျွန်မက ဂိုဏ်းချုပ်ကို မေးတုန်းက ရှင်က ဝင်ဖြတ်မေးတာကျတော့ရော လောကဝတ် မသိတာ မဟုတ်ဘူး..
ခုမှ စတွေ့ဖူးတဲ့ လူတွေမလို့ တစ်ယောက်ကို တစိယောက်နာမည်မေးတာက ထုံးစံပဲ အဲ့တာကို ရှင်က...ရုတ်တရက်ဖြတ်ပြောပြီး ကျွန်မကို အော်ငေါက်ပြီး ရဲတင်းတယ်လို့ အော်တယ် ကျွန်မကသိချင်လို့ မေးတာလေးပဲ ဘယ်လိုလုပ် ရဲတင်းတာဖြစ်ရမှာလဲ......
ဒါဆိုမေးပါဦးမယ် ကျွန်မကို ဖြတ်ပြောတုန်းက ကျတော့ ရှင့်ရဲ့ လောကဝတ်တွေက ဘယ်မှာလဲ အမိ!''

အနီရောင်အမျိုးသမီးရဲ့ မျက်နှာကြီးက စိမ်းတက်လာတယ် ဒေါသထွက်ရလွန်းလို့

''မင်းက ခုမှ ဂိုဏ်းထဲဝင်ကာစ ဂိုုဏ်းသားသစ် အဲ့တာကို ဂိုဏိးချုပ်နာမည်ကို တိုက်ရိုက်မေးရဲတယ် အဲ့တာ ရဲတင်းတာပဲ''

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now