(စာရိုက်ပေးတဲ့ ညီမလေး..Aye tua tun ကို
ကျေးဇူးပါ...😘.)ကျူ းယောင်လည်း မျိုတောင်မချရသေးတဲ့ လက်ဖက်ရည်တွေ အားလုံးကို ထွေးထုတ်မိတယ်။ ပါးစပ်အကျယ်ကြီး ဟမိရင်းနဲ့ ရှက်သွေးဖြာနေတဲ့ ဖန်းရီကိုကြည့်မိပြီး တစ်ခဏအတွင်းမှာ မဖြစ်နိုင်တာလိ့ု တွေးမိပြန်တယ်။
အစ်မကြီးရယ် ကျွန်တော့်ကို ကြောက်အောင် မခြောက်ပါနဲ့ !!!
" မင်းက လက်မခံချင်ဘူးပေါ့ "
ဖန်းရီမျက်နှာက ချက်ချင်း ဖျော့တော့သွားပြီး မျက်ရည်စတွေက သူမမျက်ဝန်းထောင့်စွန်းမှာ နေရာယူလာတယ်။ ပြီးတော့ ရှေ့ကို တစ်လှမ်းတိုးလာတယ်။
" ဘာလိ့ုလဲဟင် ..... ငါ့ဘက်က လိုအပ်နေတာ တစ်ခုခု ရှိနေလိ့ုလားဟင် "
ကျူ းယောင်လည်း လန့်လွန်းလိ့ု ထခုန်မိတာ ထိုင်နေတဲ့ ကျောက်တုံးထိုင်ခုံပေါ်ကတောင် ြ
ပုတ်ကျတယ်။ အတော်လေးကြာမှ ပြန်ရပ်နိုင်တယ်။''မဟုတ်ပါဘူး ..... မဟုတ်ဘူး ...... မဟုတ်ဘူးလေ ... ကျွန်တော် ...ဟာ ... ဟို
မင်း အထင်လွဲနေပြီ ထင်တယ် ... ငါက ... ငါက ဘာကောင်းလိ့ုလဲ ... ဘာကိစ္စ ငါ့ကို ကြိုက်ရတာလဲ "ကျေးဇူးပြုပြီး အထင်မလွဲကြပါနဲ့။ သူက လောလောဆယ် ယောက်ျားအရေခြုံထားရပေမယ့် တစ်ကယ့် မိန်းကလေးစိတ်ပါနော်။ စစ် စစ်
နဲ့တောင် မြည်နေသေးတယ်။ဖန်းရီက သူ့ဘေးနားပတ်လျှောက်ရင်း သူ့လက်ကိုပါ လာဆုပ်ကိုင်ချင်ပုံ ရပေမယ့် တည်ကြည်တဲ့ အဖြေကိုပေးတယ်။
'' မင်းနဲ့ ပက်သက်သမျှ အရာအားလုံး ..''
''ဒါဆို ကျွန်တော် ပြောင်းလိုက်မယ်လေ ရလား ...''
ကျူ းယောင်လည်း နောက်ဘက်ကို ခြေလှမ်း အကျယ်ကြီး တစ်လှမ်း ဆုတ်မိရင်း ငိုချင်လာတယ်။ အစ်မကြီးရယ် ကမ္ဘာ့ အရယ်ရဆုံး ဟာသတွေ မထွင်ပါနဲ့လား။
'' မင်း ... ငါ့ကို အဲ့သလောက်
တောင် မုန်းသလား"ဖန်းရီ မျက်နှာမှာ စိတ်ပျက် အားလျော့ခြင်းတွေ တစ်မုဟုတ်ချင်း ပေါ်လာပြီး မျက်လုံးထောင့်ကနေ မျက်ရည်တွေ စီးကျလာတယ်။
BẠN ĐANG ĐỌC
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Hài hướcကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...