အခန်း(၅၉)အရှက်မရှိတဲ့ နတ်ဘုရား

7.6K 959 216
                                    

အခန်း၅၉

အရှက်မရှိတဲ့ နတ်ဘုရား

''နှစ်တွေ....အများကြီး ကြာခဲ့ပြီ....နောက်ဆုံးတော့ ငါ့နေရာကို ဆက်ခံမယ့်သူ ရောက်လာ
ပြီ''

ဒီလူက ဒီနန်းဆောင်ရဲ့ ပိုင်ရှင် ပြီးတော့ သစ်သား
ဝိညဉ်က ဒီလူ့လက်ထဲမှာပဲလို့ ကျူ းယောင်လည်း ခန့်မှန်းမိတယ်။ သို့ပေမဲ့ ဒီအဖိုးကြီးက ကိုယ်ခန္ဓာ အစစ်မရှိဘူး။ အရင်ပု်ိင်ရှင် အသက်ရှင်စဉ်က
ထားခဲ့တဲ့ စိတ်ဝိညာဉ် အပိုင်းစပဲ ဖြစ်ပုံရတယ်။

''ဆရာ..''

ဘယ်လို လုပ်ကြမလဲ!!

''စောင့်ကြည့်ဦး''

ဒါလည်း ကြားရော ကျူ းယောင်လည်း မြေပေါ်ဆက်လဲကာ မေ့ချင်ယောင်.ဆက်ဆောင်နေရတယ်။

အဖြူ ရောင် ဝိညာဉ်က မျောလာပြီး အနားရောက်လာတယ်။ မြေပေါ်ကို ကြည့်ပြီးတော့ ကြောင်သွားတယ်။

''ဘာလို့ သုံးယောက် ဖြစ်နေရတာလဲ''

အဖိုးကြီးက မျက်မှောင်ကုပ်ရင်း အရွေးရခက်နေဆယ်။

'' ဝိညာဉ်ကြော အကောင်းဆုံးသူကိုပဲ ရွေးတာပေါ့''

ပထမဆုံး သူ့ဘယ်ဖက်က လုချာကို ကြည့်ပြီး ရေရွတ်တယ်။

'' မီးနဲ့ မြေ ဝိညာဉ်ကြောပိုင်ရှင်ပဲ... အထက်တန်းစား...ဝိညာဉ်ကြောထဲ ပါပေမဲ့ ငါ့ပညာတွေသင်ဖို့ မကိုက်ဖူးပဲ...''

ဒါကြောင့် ဘေးက ရှောင်ရီ အကြည့်ရွေ့သွားပြီး
သူ့မျက်လုံးတွေက ဝင်းခနဲဖြစ်ကာ ဝမ်းသာမှုကို ပြျယ်။ ရှောင်ရီ့ ဝိညာဉ်ကြောကို စစ်ဆေးပြီးတော့ ပိုတောင် ဝမ်းသာလာတယ်။

'' သတ္ထုနဲ့သစ်သား ဝိညာဉ်ကြောပဲ ကောင်းတယ်
ကောင်းတယ် ကောင်းတယ်''

ကောင်းတယ်ဆိုတာကို သုံးကြိမ်သုံးခါ ပြောပြီး
သူ့မျက်လုံးလေးတွေက မှေးသွားတယ်။ပြီးတော့
ကျူ းယောင်ဘက်ကို ကြည့်တယ်။

ဒီလူကြီးက အကောင်းဆုံး ဝိညာဉ်ကြောပိုင်ရှင်ကို ရွေးပြီး သူ့ပညာတွေနဲ့ သစ်သား ဝိညာဉ်ကို လက်ဆင့်ကမ်းမလို့ပဲလို့ ကျူ းယောင်ထင်တယ်။ဇာတ်ကားထဲ အမြဲ ဒီလိုပဲ ပါနေကျမလား။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Où les histoires vivent. Découvrez maintenant