ကျူးယောင်လည်း စပ်စုချင်စိတ်နဲ့ အပြာရောင်သမ်းတဲ့ စာအုပ်ဟောင်းတစ်ခုကို
အမြန်ကောက်ယူလိုက်တယ်။စာအုပ်ပေါ်ရှိ
နာမည်ကတော့ စာလုံးကြီးကြီးနဲ့ရေးထားတယ်။ တစ်ခုတည်းသော မှတ်တမ်းတဲ့။
ကျူးယောင်လည်း ဝမ်းသာပြီး ဖတ်ခနဲ
အမြန်လှန်ကြည့်လိုက်တယ်။
ပေါ် လာတာကတော့ ထင်ထင်ရှားရှား
ရှိလွန်းတဲ့ပုံတွေပါပဲ။ကျူးယောင်လည်း
ချက်ချင်း မျက်နှာကြီးမည်းသွားတယ်။'' သည်ဟာတွေက သေချာရဲ့လား''
''သေချာတာပေါ့ ''
ချန်းနင်းက ပျော်ပျောိကြီးတောင် စာအုပ်
တွေကို လိုက်ကိုင်ကြည့်နေသေးတယ်။''သည်မှတ်တမ်းတွေက
ရတနာ့တကာ ရတနာတွေချည်းပဲ''''သည်တစ်အုပ်ရောပဲလား''
နင့်မေငုံးဉ!စာအုပ်အဖုံးမှာ နာမည်ပြောင်း
ထားတာနဲ့ပဲ သည်ဟာက အပြာစာအုပ်ဆိုတာ
ငါ က မသိတော့ဘူးထင်နေလား။ချန်းနင်လည်း အံ့သြသင့်သွားတယ်။ပြီးတော့
သု့မျက်နှာကြီးက ခရမ်းချဉ်သီးမှည့်လိုပဲ
ရဲတွတ်သွားတယ်။'' သည်စာအုပ်ကို ငါ သည်နားမထားမိပါဘူး''
ချန်းနင်းလည်း ချက်ချင်းပဲ ကျူးယောင်
လက်ထဲက တစ်အုပ်ကို သူ့လက်ထဲက
တစ်အုပ်နဲ့လဲလိုက်တယ်။ဖွက်ဖို့လည်း
ကြိုးစားလိုကိသေးတယ်။''သည်နေရာမှာ သည်လိုစာအုပ်ကို ဘယ်သူ
ထားထားတာလဲ ထားတဲ့လူက တကယ်ကို အကျင့်စာရိတ္တ ချို့ယွင်းနေတာပဲ
သည်လို ရှက်ဖွယ်လိလိ စာတွေကို
သိပ်ကို အတင့်ရဲကြတာပဲ''ဘာကို ဘယ်လို အတင့်ရဲတာလဲ ဟုတ်လား။
အာ့လိုဆို ဘယ်နှယ့် သည်စာအုပ်ကြီးကို
တင်းတင်းကျပ်ကျပ်ဖယ်တွယ်နေတာတုံး။
ကျူးယောင်လည်း မျက်စောင်းထိုးရင်း
တခြားစာအုပ်တွေလိုက်ကြည့်နေမိတယ်။အနက်ရောင်ရှိတဲ့ မှတ်တမ်းစာလိပ်
တစ်ခုကို တွေ့လိုက်ရတယ်။အဖုံးမှာ ရေးထားတဲ့ စာသားက ခပ်ရေးရေးဖြစ်နေပေမဲ့
သမိုင်းကြောင်းဆိုတဲ့ စကားလုံးက်ိုတော့
ပုံဖော်မြင်လို့ရနေသေးတယ်။
YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...