အခန်း (၁၂၅) သော့ချက်ကို သိရတာ တကယ်ကောင်းတယ်

2K 419 19
                                    

အခန်း (၁၂၅) သော့ချက်ကို သိရတာ တကယ်ကောင်းတယ်

ဤ အပိူင်းကို typing ကူရိုက်ပေးသောshu
Rinကို ကျေးဇူးတင်ပါသည်။

ကျူးယောင်လည်း အပြင်မှာ ခပ်ကြာကြာ လတ်လျားလတ်လျား မနေလိုက်ပါဘူး။ ကျင့်ကြံခြင်းနဲ့ပတ်သက်လို့ ယွဲ့ယင်းကို ဘယ်လိုသင်ပေးရမယ်ဆိုတာ ယုလော်ကို ပြောပြပြီးတဲ့နောက် ချော်ရည်ကန်အောက်ခြေကို ပြန်ရောက်လာခဲ့တယ်။ ပြီးတော့ သူ့ရဲ့နေ့စဥ်ပန်းပဲထုခြင်းလုပ်ငန်း ပြန်လည်စတင်တော့တယ်။ အစကတော့ သူမလို နတ်ဝိဇ္ဇာတစ်ယောက်အတွက် ပန်းပဲထုတယ်ဆိုတာ ကလေးကစားစရာလို့တောင် ထင်ခဲ့ဖူးတယ်။ သူမ နားလည်လိုက်တာက သူမ ထင်သလို လုံးဝ မဟုတ်ဘူးဆိုတာပဲ။ မှော်လက်နက် ပြုလုပ်တယ်ဆိုတာက သံကို အရည်ကျိုပြီ ချီစွမ်းအား လှည့်ပတ်ပြီးတော့ ထုနှက်လိုက်ရုံနဲ့ လက်နက် ဖြစ်မလာဘူးဆိုတာပဲ။ သူ လုပ်လိုက်တဲ့ ပထမဆုံးလက်နက် တစ်ဝက်လောက်က လက်နက်အစုတ်အပြတ်သာသာတွေပဲ။ ဘာမှသုံးလို့ကို မရဘူး။

ထိုထဲက မှော်လက်နက်တစ်ခုကတော့ အင်း...သရဲတွေ ဘာတွေ ခြောက်ဖို့တော့ သုံးလို့ရမယ်ထင်တယ်။ ရန်သူကို ခုခံတိုက်ခိုက်ဖို့ ဆိုရင်တော့ မတိုက်ခင်တည်းက လက်နက်ချထားလိုက်တာ ကောင်းမယ် ထင်တယ်။ ကျူးယောင်လည်း အနည်းငယ်တော့ စိတ်ဓာတ်ကျသွားတယ်။ ဘာလို့လဲဆိုတော့ သူများတွေထက်ကို သူက အားစိုက်လုပ်ထားရဲ့သားနဲ့ မှန်းထားသလိုတော့ ဖြစ်မလာတာကိုး။

သူမရဲ့ပန်းပဲအတတ်ပညာ ကျွမ်းကျင်အဆင့်ကို လက်ရှိပညာရေးစနစ်နဲ့ နှိုင်းယှဥ်ရမယ်ဆိုရင်တော့ .ကြက်‌ချေးတန်းသာသာလို့ ပြောရမလား။

" ဆရာရယ် ဘာကြောင့်များ တပည့် ကြိုးစားထားသလို ဖြစ်မလာရသေးတာလဲ "

ဟုတ်တယ်လေ။ ဒီအတောအတွင်း သူ ဘယ်လောက် ပန်းပဲကို ကြိုးကြိုးစားစား ထုထားလဲဆိုတာ သူကိုယ်တိုင် အသိဆုံးပဲ။

" အရာဝတ္ထု သတ္တုပစ္စည်းတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ဂုဏ်သတ္တိဆိုတာ ရှိတယ်...မှော်လက်နက်ပြုလုပ်ဖို့ လိုအပ်တဲ့ သတ္တုတွေအတွက်လည်း အတူတူပဲပေါ့ "

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora